Sunday, April 1, 2018

တိုင်ကြားသူ၏ဆန္ဒသည်အခရာဖြစ်ပြီး ကော်မရှင်အနေဖြင့် လေးလေးနက်နက် သတိထားဆောင်ရွက်လျက်ရှိ

Image may contain: 6 people, people on stage and indoor
နေပြည်တော် မတ် ၃၁
တိုင်ကြားသူ၏ဆန္ဒသည် အခရာ ဖြစ်ပြီး ကော်မရှင်အနေဖြင့် လေးလေး နက်နက် သတိထားဆောင်ရွက်လျက် ရှိပါကြောင်း ယနေ့နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ ကျင်းပ သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲ တွင် ပြန်ကြားရေးလုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ပြောကြားသည်။
ထို့ပြင် တရားဝင်ရောက်ရှိလာသည့် တိုင်စာများကို မှတ်ပုံတင်ပါကြောင်း၊ အဖွဲ့သုံးဖွဲ့မှ အဆင့်ဆင့်စိစစ်ပြီး နောက်ဆုံးတွင် ကော်မရှင်ဥက္ကဋ္ဌပါဝင် သည့် ၁၂ ဦးအဖွဲ့ဖြင့် သေချာစွာ စိစစ်လေ့လာ၍ ဥပဒေပြဋ္ဌာန်းချက် များနှင့် ညီ၊ မညီ တိုက်ဆိုင်စစ်ဆေးပါ ကြောင်း၊ လိုအပ်ချက်များရှိပါက အရေးယူဆောင်ရွက်၍ မရပါက ထိုတိုင်စာများသည် မည်သည့်အချက် များကြောင့် အရေးယူဆောင်ရွက်၍ မရကြောင်းကို ဥပဒေနှင့် မညီညွတ်၍ ပယ်သည်၊ ပြန်လည်ပေးပို့သည် စသည့် ဖော်ပြချက်အပြည့်အစုံဖြင့် တိုင်စာ တစ်စောင်ချင်းစီကို မတ် ၁ ရက်မှ စတင်၍ ပြန်ကြားပေးလျက်ရှိပါ ကြောင်း။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး နည်းဥပဒေတွင်ပါရှိသည့် သတင်း မီဒီယာများနှင့်ပူးပေါင်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အရေးယူ ဆောင်ရွက်ရမည်ဆိုသည့် ဥပဒေ ပြဋ္ဌာန်းချက်များအရ သတင်းမီဒီယာ များ၏ အဂတိလိုက်စားမှုနှင့် ပတ်သက် သည့် ဝေဖန်ရေးသားဖော်ပြချက် များကို နေ့စဉ်မှတ်သားလေ့လာ၍ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကျူးလွန်သူများ အား ထိရောက်စွာအရေးယူရေး အလေးပေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အားနည်းချက်များကို ပြည်သူများနှင့် သတင်းမီဒီယာများမှ ထောက်ပြခြင်းကို လေးစားစွာ ကြိုဆို ပါကြောင်း၊ ကော်မရှင်နှင့် ပူးပေါင်းလက်တွဲကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း ထည့်သွင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားသည့် တိုင်ကြား စာများ လက်ခံရရှိမှု၊ တိုင်ကြားစာများ နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ သက်ဆိုင်ရာဌာနများသို့ တိုင်ကြားစာ လွှဲပေးမှုနှင့် ပြန်လည်ပြန်ကြားချက် ရရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြန်ကြားရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် ဦးခင်မောင်မြင့်က တိုင်ကြားစာများအပေါ်တွင် ကော်မရှင် အနေဖြင့် အရေးယူဆောင်ရွက်ခြင်းကိစ္စရပ်များ၊ တိုင်ကြားစာအမျိုးအစား များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ထို့နောက် တက်ရောက်လာကြ သည့် သတင်းထောက်များက သိရှိလို သည်များကို မေးမြန်းကြရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဖြေကြား ကြသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ဇန်နဝါရီ ၁ ရက် မှ မတ် ၃ဝ ရက်အထိ တိုင်စာ စုစုပေါင်း ၁၇၈၁ စောင် လက်ခံရရှိ ခဲ့ပြီး ကော်မရှင်၏ဥပဒေအရ အကျုံး မဝင်၍ အရေးယူဆောင်ရွက်မရ သည့် တိုင်စာ ၉၄၉ စောင်၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာန၊ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ် များမှ အရေးယူဆောင်ရွက်နိုင်သည့် တိုင်စာ ၄၉၇ စောင်၊ တိုင်စာစစ်ရေး ကော်မတီမှ စိစစ်ဆဲတိုင်စာ ၃ဝ၄ စောင်၊ တိုင်ကြားချက်များ မှန်ကန်မှုရှိ၊ မရှိနှင့် သတင်းကြိုတင်ထောက်လှမ်း နေသော တိုင်စာ ၂ဝ နှင့် ကော်မရှင်မှ စစ်ဆေးသည့် တိုင်စာ ၁၁ စောင်ရှိ ကြောင်း သိရသည်။
ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က ဥပဒေအရ အကျုံး မဝင်သည့် စစ်ဆေးမှုမပြုနိုင်သည့် တိုင်စာများအား တိုင်ကြားသူများ အနေဖြင့် မည်သို့တိုင်ကြားသင့်သည် ဆိုသည့် အကြံပြုချက်ထည့်သွင်း ဖော်ပြကာ မတ် ၁ ရက်မှစတင်၍ တိုင်ကြားသူများထံ ပြန်လည်ပေးပို့ ထားသော တိုင်စာအရေအတွက်မှာ ၂၆၁ စောင်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment