Wednesday, March 28, 2018

မီနီတေးအယ်လ်ဘမ်သစ်နဲ့ ပရိသတ်ရှေ့အရောက်ပြန်လာတဲ့ TWICE

Image may contain: 1 person, smiling, standing
တောင်ကိုရီးယားရဲ့ အကျော်ကြားဆုံးသော အမျိုးသမီး တေးဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ''TWICE''ဟာ လတ်တလောမှာတော့ အဖွဲ့ရဲ့ တေးအယ်လ်ဘမ်သစ် ဖြစ်တဲ့ မီနီတေးအယ်လ်ဘမ်အတွက် ရည်ရွယ်ရိုက်ကူးထားတဲ့ အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ဓာတ်ပုံတွေကို ထုတ်ဖော်ပြသလာတာ ဖြစ်ပါတယ်။ တေးအယ်လ်ဘမ်သစ်အတွက် ဓာတ်ပုံတွေနဲ့ ပရိသတ်ရှေ့ပြန်လည် ရောက်ရှိ လာတဲ့ ''TWICE ''ဟာ မကြာမီမှာ အဖွဲ့ရဲ့ ပဉ္စမမြောက်မီနီတေးအယ်လ်ဘမ်ကို ထုတ်လွှင့်သွားဖို့ရာ စီစဉ်ထားတာဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
လတ်တလော ထုတ်ဖော်ပြသလာတဲ့ တစ်ဦးချင်းဓာတ်ပုံတွေမှာတော့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ စန်နာ၊ မိုမို၊ ဂျန်ယွန်းနဲ့ နာယွန်းတို့ရဲ့ ဓာတ်ပုံတွေဖြစ်ပြီး တစ်ဦးချင်းစီရဲ့ ဓာတ်ပုံတွေကတော့ မတူညီတဲ့ရသတွေကို ပေးစွမ်းနေတာ ဖြစ်ပါတယ်။ ပိုပြီးတောက်ပတဲ့၊ ပိုပြီးချစ်စရာကောင်းတဲ့ တေးသီချင်းတွေနဲ့ ပရိသတ်ရှေ့အရောက်ပြန်လာမယ့် ''TWICE''ရဲ့ တေးအယ်လ်ဘမ်သစ်ကိုတော့ ''What Is Love?၊''လို့ အမည်ပေးထားကြောင်းလည်း သိရပါတယ်။
လာမယ့်ရက်များအတွင်းမှာလည်း ''TWICE''ရဲ့ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ဓာတ်ပုံတွေကို ဆက်လက်ထုတ်ဖော်ပြသသွားမှာဖြစ်ပြီး အဖွဲ့လိုက် လှုပ်ရှားမှုတွေကိုတော့ လာမယ့် ဧပြီ ၉ ရက်မှာ စတင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment