Wednesday, March 28, 2018

လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး ဟိုစဲ့-ဘီပီ(၁၄) လမ်း ကတ္တရာခင်း



မယ်စဲ့ မတ် ၂၇

နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများလမ်း ပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် ကယားပြည်နယ် ဘော်လခဲခရိုင် မယ်စဲ့မြို့နယ်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဟိုစဲ့ -ဘီပီ(၁၄)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို
အောင်နတ်သားကုမ္ပဏီက တာဝန်ယူဆောင်ရွက် လျက်ရှိရာ ယခုအခါ ၇ဝ ရာခိုင်နှုန်းကျော်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် နွေရာသီတွင် ဖုန်များထူထပ်
၍ မိုးရာသီတွင် ရွှံ့ဗွက်များဖြင့် သွားလာရေး
ခက်ခဲကြောင်း၊ ယခုအခါ အမာခံမြေသားလမ်းကို
ကတ္တရာလမ်းခင်းပေးသည့်အတွက် ရာသီမရွေး သွားလာမှု လွယ်ကူစေပြီး တစ်ဖက်ထိုင်းနိုင်ငံ
မယ်စရင်းမြို့နှင့် မယ်စဲ့မြို့တို့ နှစ်နိုင်ငံကူးသန်း သွားလာရေး အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း
ဟိုစဲ့ကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြော
သည်။

ဟိုစဲ့-ဘီပီ(၁၄)လမ်းသည် အရှည် သုည/၄ မိုင်၊ ကတ္တရာလမ်းသား အကျယ် ၁၂ ပေ၊ အမြင့်
တစ်ပေ ကတ္တရာခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု
ရန်ပုံငွေကျပ် ၉၆ သန်းဖြင့်လည်းကောင်း၊ ယင်း
လမ်းပေါ်ရှိ ၂၅x၁၆ ပေ ကွန်ကရစ်တံတား
တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စု
ရန်ပုံငွေကျပ်၂၅ ဒသမ ၅ သန်းဖြင့်လည်းကောင်း၊
အောင်နတ်သားကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ
ဦးကျော်ကျော်ဦး ကြီးကြပ်၍ လမ်းလုပ်သား ၄ဝ
ကျော်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဘဏ္ဍာ
နှစ်အတွင်း လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးရေး
အတွက် လုပ်သားအင်အားများ ဖြည့်ဆည်း၍
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောင်နတ်သား
ကုမ္ပဏီမှ တာဝန်ရှိသူ ဦးအာကာမန်းအောင်က ပြောသည်။                   ဝတ်ရည်(ပြန်/ဆက်)

No comments:

Post a Comment