Friday, March 30, 2018

မြောက်ကိုရီးယားရဲ့ ကြိုဆိုခြင်း မခံရတဲ့Psy

Image may contain: 1 person
တောင်ကိုရီးယားရဲ့ ကမ္ဘာကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ Psy ဟာ မြောက်ကိုရီးယားမှာသွားရောက်ဖျော်ဖြေကြမယ့် အနုပညာရှင်တွေ ထဲမှာ တစ်ဦးအပါအဝင် ရွေးချယ်ခံခဲ့ရပေမယ့် မြောက်ကိုရီးယားက တာဝန်ရှိသူတွေက Psy ကို မကြိုဆိုခဲ့ကြပါဘူး။ Psyလာရောက် ဖျော်ဖြေပါက ကျေးဇူးတင်မှာမဟုတ်ကြောင်း ဆိုလိုက်ပါတယ်။
အသက် ၄ဝ အရွယ်ရှိပြီဖြစ်တဲ့ Psy ရဲ့ အနုပညာဖန်တီးမှု တွေကို တစ်ကမ္ဘာလုံးက ပရိသတ်တွေက အားပေးခဲ့ကြပေမယ့် Psy ရဲ့ စတိုင်ကို ကြိုက်နှစ်သက်သူတွေထဲမှာ မြောက်ကိုရီးယား ကတော့ ပါဝင်ခြင်းမရှိပါဘူး။
လာမယ့် သီတင်းပတ်အတွင်း မြောက်ကိုရီးယားရဲ့မြို့တော် ပြုံယမ်းမှာ တောင်ကိုရီးယား ကေပေါ့ပ်တေးသံရှင်အဖွဲ့တွေ သွားရောက်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ ဒီထဲမှာ တစ်ဦးအပါအဝင် အဖြစ် ရွေးချယ်ခံထားရတဲ့ Psy ကိုတော့ မြောက်ကိုရီးယားက မကြိုဆိုခဲ့ပါဘူး။ အကြောင်းကတော့ Psy ရဲ့ တေးသီချင်း ဖျော်ဖြေတင်ဆက်မှုဟာ မြောက်ကိုရီးယားရဲ့ ယဉ်ကျေးမှုနဲ့ ကွာခြားတာကြောင့် ဖြစ်တယ်လို့ဆိုကြောင်း အေးရှားဝမ်းဒေါ့ကွန်း ရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
အေးပြည့်

No comments:

Post a Comment