Friday, March 30, 2018
အမျိုးသားပတ်လည်ဟော်ကီပြိုင်ပွဲရန်ကုန်တိုင်းဒေသကြီးအသင်း ဗိုလ်စွဲ
ရန်ကုန် မတ် ၂၉
၂ဝ၁၈ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အမျိုးသားပတ်လည်ဟော်ကီပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သိမ်ဖြူဟော်ကီကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက သိမ်ဖြူ လူငယ်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ သည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ ရှေးဦးစွာ Famous Group of Co., Ltd. ဥက္ကဋ္ဌ ဦးရဲမင်းက ပြိုင်ပွဲကျင်းပရေးအတွက် အလှူငွေကျပ်သိန်း ၂ဝ ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောလုလုထော်နှင့် အမှုဆောင်များက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။
ယင်းနောက် တတိယဆုရ ရန်ကုန်တိုင်းစစ်ဌာန ချုပ်အသင်း၊ ဒုတိယဆုရ သိမ်ဖြူလူငယ်အသင်းနှင့် ပထမဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု၊ နေရာအလိုက် အကောင်းဆုံးဆုရရှိသော ဂိုးသမားဆုရ ကျော်ထွန်း (သိမ်ဖြူလူငယ်)၊ နောက်တန်းဆုရ ငြိမ်းချမ်းအောင် (သိမ်ဖြူလူငယ်)၊ အလယ်တန်းဆုရ သိန်းထိုက်ဦး (ရန်ကုန်တိုင်းစစ်ဌာနချုပ်)၊ ရှေ့တန်းဆုရ ဟိန်းမင်းဇော် (ရန်ကုန်တိုင်းဒေသကြီး)နှင့် အကောင်းဆုံးကစားသမား ဆုရရှိသော စစ်ငြိမ်းအေး(ရန်ကုန်တိုင်းဒေသကြီး)၊ ပထမဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်းအား ဆုဖလားတို့ကို မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောလုလုထော်၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝင်း၊ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လတ်နှင့် အမှုဆောင်များ၊Famous Group of Co., Ltd. ဥက္ကဋ္ဌ ဦးရဲမင်းတို့က ပေးအပ်ချီးမြှင့်သည်။
ဖိုးသော်ဇင်
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment