Saturday, March 31, 2018

CBဘဏ်SME Center (တောင်ဒဂုံ) ဖွင့်ပွဲကျင်းပ

Image may contain: 17 people, people standing
တောင်ဒဂုံ မတ် ၃ဝ
CBဘဏ်၏SME Center (တောင်ဒဂုံ) ဖွင့်ပွဲ အခမ်း အနားကို အမှတ်(၃ဝ) ပြည်ထောင်စုလမ်း တောင်ဒဂုံ မြို့နယ် ရန်ကုန်မြို့၌ ယနေ့တွင် ကျင်းပသည်။
အခမ်းအနားကို ဦးဖေမြင့် Advisor (သမဝါယမဘဏ် လီမိတက်)၊ ဒေါ်နယ်အယ်ဖော ဦးဆောင်ညွှန်ကြားရေးမှူး (သမဝါယမဘဏ်လီမိတက်)၊Mr.Toh Kai Leong-Head of Corporate Banking Department (သမဝါယမဘဏ်လီမိတက်)၊Mr. Oleg Flaum-Team Leader (Frankfurt School of Finance)၊ ဒေါ်စိုးစိုးသင်း အထွေထွေမန်နေဂျာ(သမဝါယမဘဏ်လီမိတက်)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဒေါ်နယ်အယ်ဖော ဦးဆောင်ညွှန်ကြား ရေးမှူး (သမဝါယမဘဏ်လီမိတက်)က ''CBဘဏ် အနေနဲ့SME ကဏ္ဍကို အားပေးတဲ့အနေနဲ့ ယခင်ကတည်း က ချေးငွေတွေထုတ်ပေးခဲ့ပါတယ်၊ နိုင်ငံတော်ရဲ့ စီးပွားရေး မူဝါဒအရ SME ကဏ္ဍကို အဓိကထားသဖြင့် CBဘဏ် အနေနဲ့လည်း ပိုပြီးအလေးထားလုပ်ဆောင်လျက်ရှိပါ တယ်၊ ဘဏ်ရဲ့ဖွဲ့စည်းပုံမှာSME Division ဆိုပြီးတော့ ဖွဲ့စည်းပြီး အထူးလေ့ကျင့်ထားတဲ့ ဝန်ထမ်းတွေနဲ့ တစိုက် မတ်မတ် လုပ်ဆောင်လျက်ရှိပါတယ်၊ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော CBဘဏ်SME Centerကို ရန်ကုန်မြို့ သီရိမွန်ပလာဇာ ဘဏ်ခွဲ (ဘုရင့်နောင်)နဲ့ ဒုတိယမြောက်SME Center ကို ဇန်နဝါရီလမှာ မန္တလေးမြို့ (၃၃)လမ်းဘဏ်ခွဲတို့မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ ယခုလိုတတိယမြောက် SME Center (တောင်ဒဂုံ)ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် အသေးစားနဲ့ အလတ်စားချေးငွေတွေကို အရင်ကထက် ပိုမိုလွယ်ကူလျင်မြန်စွာ လျှောက်ထားနိုင်တော့မှာဖြစ်ပြီး မြန်မာနိုင်ငံရှိ အသေးစားနဲ့အလတ်စား လုပ်ငန်းရှင်တွေ ကို လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့ချေးငွေတွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်သလို မိမိတို့ CB ဘဏ်အနေနဲ့လည်း အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေကို ချေးငွေဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေကို ပိုမိုကူညီပံ့ပိုးနိုင်ဖို့ အတွက်SME Centerတွေကို မြန်မာတစ်နိုင်ငံလုံးမှာ ထပ်မံဖြန့်ကြက်ဖွင့်လှစ် သွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။
CBဘဏ်ရုံးချုပ်မှာသာမက SME Center တွေမှာ လည်း အသေးစားနဲ့ အလတ်စားချေးငွေတွေကို လွယ်ကူ လျင်မြန်စွာ လျှောက်ထားနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံရှိ အသေးစားနဲ့အလတ်စား လုပ်ငန်းရှင်တွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ လိုအပ်တဲ့ချေးငွေ ဆိုင်ရာဝန်ဆောင်မှုတွေကို ပိုမိုတိုးတက်အောင် ဆောင်ရွက် သွားမှာဖြစ်ပါတယ်''ဟု ပြောသည်။
ကြေးမုံ

No comments:

Post a Comment