Saturday, March 31, 2018

တီပီပီစာချုပ်တွင် ပါဝင်ရန် စိတ်ဝင်စားဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ပြော

Image may contain: 7 people, people smiling
ဘန်ကောက် မတ် ၃ဝ
နိုင်ငံ ၁၁ နိုင်ငံ အဖွဲ့ဝင်အဖြစ်ပါဝင်သော ပစိဖိတ် ဒေသ စီးပွားရေးမဟာဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး သဘောတူစာချုပ် (တီပီပီ)တွင် မိမိ၏ နိုင်ငံပါဝင်ရန် စိတ်ဝင်စားကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆွမ်ကစ်ယာတူဆရီပီတက်က ပြောကြားသည်။
ဆွမ်ကစ်သည် မတ် ၂၉ ရက်က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ တီပီပီတွင် ထိုင်းနိုင်ငံ ပါဝင်ရေးအတွက် ထိုင်းကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် လုပ်ငန်းအဖွဲ့ တစ်ဖွဲ့ကို ထူထောင်မည်ဖြစ်ပြီး အစိုးရအဖွဲ့က ဂျပန်နိုင်ငံ၏ ထောက်ခံမှုကို ရယူနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆွမ်ကစ်က ပြောကြားသည်။
ဒေသဆိုင်ရာ စီးပွားရေး မိတ်ဖက်ပြု ဆောင်ရွက်ရေး စာချုပ်အတွက် ညှိနှိုင်းဆွေးနွေးမှုများ တိုးတက်မှုရှိလာ မည်ဟု ထိုင်းနိုင်ငံက မျှော်လင့်ကြောင်း ၎င်းက ပြောကြား သည်။ အဆိုပါစာချုပ်တွင် ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံများ အသင်းမှ အဖွဲ့ဝင် ၁ဝ နိုင်ငံ ပါဝင်သည်။
ကျိုဒို

No comments:

Post a Comment