Saturday, March 31, 2018

ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ထွက်ခွာလာသည့် မြန်မာ အလုပ်သမားများ တင်ဆောင်လာသောယာဉ် မီးလောင်မှုဖြစ်ပွား

Image may contain: one or more people and outdoor
မဲဆောက် မတ် ၃ဝ
ထိုင်းနိုင်ငံ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ မြို့တော် ဘန်ကောက်သို့မောင်းနှင်လာသည့် မြန်မာအလုပ်သမားများတင်ဆောင်လာသောမှန်လုံယာဉ်မှာ တာခ့်မြို့ နယ်ဧရိယာအတွင်းရှိ အမျိုးသား ဥယျာဉ်အနီး၌ ယနေ့နံနက်စော ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ် ကိုင်ကြမည့် မြန်မာအလုပ်သမား ၄၇ ဦး တင်ဆောင်လာသော မှန်လုံယာဉ် မှာ ယာဉ်အတွင်း၌ ဆေးလိပ်မီးမတော် တဆပြုတ်ကျရာမှ ထိုင်ခုံများအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါလာကြသော မြန်မာအလုပ်သမား ၄၇ ဦးအနက် ၂ဝ မှာ အခင်းဖြစ်မီးလောင်ရာနေရာ ၌ သေဆုံးခဲ့ရကြောင်းသိရကာ ကျန်ထိခိုက်ဒဏ်ရာရသူ ၂၇ ဦးအား တာခ့်ခရိုင်ဆေးရုံကြီးသို့ တင်ပို့ ကုသထားကြောင်း သိရသည်။
မီးလောင်ရာနေရာသို့ ထိုင်းနိုင်ငံမှ ဒေသခရိုင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီမီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မဲဆောက်မြို့ရှိ အလုပ်သမားသံအရာရှိနှင့် မြန်မာ အေဂျင်စီမှ တာဝန်ရှိသူများ လိုက်ပါ ဆောင်ရွက်လျက်ရှိကြောင်း၊ သေဆုံး ရုပ်အလောင်းများ၏ DNA များ အား စစ်ဆေးလျက်ရှိကြောင်း၊သေဆုံး သူများ ဖြစ်ကြသော ကျောက်တံခါးမြို့ နယ်မှ ကိုသန့်ဇင်အောင်(ဘ) ဦးသိန်းလွင်၊ မဇာဇာနွယ်(ဘ) ဦးကျော်ဝင်း၊ မပန်းအိဖြူ (ဘ) ဦးကံချွန်၊ မမာမာလွင်(ဘ) ဦးစိန်လွင်၊ မတင်နီလာအောင်(ဘ) ဦးနီကျော်၊ မသူဇာငြိမ်း(ဘ) ဦးစိုးသန်းနှင့် ကိုလှစန်းအောင်(ဘ) ဦးစန်းတင့်၊ မော်လမြိုင်မြို့မှ မဝတ်ရည်ဦး (ဘ) ဦးတင်ထူး၊ လယ်ဝေးမြို့နယ်မှ မခင် သန်းဝင်း(ဘ) ဦးတင်လှိုင်၊ မြို့သစ်မြို့ နယ်မှ မလဲ့လဲ့စန်း (ဘ)ဦးခင်မောင် သန်းနှင့် မစောဌေး(ဘ) ဦးစိန်ထွန်း၊ ပျော်ဘွယ်မြို့နယ်မှ မငြိမ်းငြိမ်းဌေး (ဘ) ဦးသန်းစိန်၊ မဇင်မာမိုး(ဘ) ဦးကျော်လွင် ၊ မအိဖြူ (ဘ)ဦးဖိုးချော၊ နတ်မောက်မြို့နယ်မှ မနှင်းဝေ(ဘ) ဦးဝေလင်းနှင့် မတင်မာလင်း(ဘ) ဦးစိန်ရင်၊ သနပ္ပင်မြို့နယ်မှ မမြင့်မြင့် ခိုင်(ဘ) ဦးခင်မြ ၊ အရာတော်မြို့နယ်မှ မချိုမာဝင်း (ဘ) ဦးဖိုးထောင်၊ အောင်လံမြို့နယ်မှ မစန္ဒာဝင်း(ဘ) ဦးမြင့်သိန်း နှင့် မချိုချိုမွှေး (ဘ) ဦးသန်းရွှေတို့အတွက် နာရေးကိစ္စရပ် နှင့် နစ်နာကြေးရပိုင်ခွင့်တို့ကို မိသားစု ဝင်များ ခံစားရရှိရေးအတွက် ဆောင် ရွက်လျက်ရှိကြောင်း၊ ထို့အပြင်သေဆုံး သူများ၏မိသားစုဝင်များအနေဖြင့် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အလုပ် သမားသံအရာရှိများ၏ ဆက်သွယ် ရန်ဖုန်းများဖြစ်သော ဦးစန်းမောင်ဦး ဝ၉ ၄၈၈၄၅၄၈၄၊ ဦးခင်မောင် ဝ၉ ၉ ဝ၅၉ ၂၃၅၂ ၊ ဦးမျိုးထက်သူ ဝ၆၅ ၂၂ဝ၆၉ ၅၁ ၊ဦးနိုင်မင်းသူ ဝ၆၅ ၂၂ဝ၆၉ ၅၂ နှင့် ဦးအောင်ခင်မြင့် ဝ၆၅ ၂၂ဝ၆၉၅၃ တို့အား ဆက်သွယ် မေးမြန်းနိုင်ကြောင်း မြို့တော် ဘန်ကောက်ရှိ မြန်မာသံရုံးမှ ထုတ်ပြန် ချက်အရ သိရသည်။
ပွင့်သစ္စာ

No comments:

Post a Comment