Thursday, March 29, 2018

မန္တလေးဈေးကွက်တွင် ကုလားပဲအုပ်စုဝင် ပဲများ လှောင်သမားများဝယ်ယူမှုကြောင့် အရောင်းသွက်

Image may contain: 1 person, eating, sitting, table, food and indoor
မန္တလေး မတ် ၂၈
ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်တွင် ကုလားပဲအုပ်စုဝင်များဖြစ်သော V2, V7 နှင့် ထိုင်ဝမ်ပဲတို့မှာ လှောင်သမားများ ဝယ်ယူနေမှုကြောင့် အရောင်း သွက်လျက်ရှိပြီး အဓိကအားဖြင့် V2နှင့် ထိုင်ဝမ်ပဲတို့ကို ပိုမိုဝယ်ယူနေကြောင်း သိရသည်။
ယမန်နှစ် သင်္ကြန်အကြိုကာလတွင်V2 ပဲအမျိုးအစားမှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၅ဝဝဝ နှုန်းအထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် မတ် ၂၈ ရက် ပေါက်ဈေးအရ ငွေကျပ် ၇ဝဝဝဝ နှုန်းသာ ရှိသော်လည်း လှောင်သမားများမှ သိုလှောင်ရန် ဝယ်ယူနေခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။
''ဒီပဲက ပြည်ပဝယ်လက်မရှိသေးပေမယ့် ငွေကိုင်ထားပြီး စောင့်ကြည့် နေသူတွေက ဒီနှစ်မှာ ဈေးက တစ်ဝက်နီးပါး ကျနေတဲ့အတွက် အခွင့်အခါ ကိုစောင့်ပြီး ရန်ကုန်တင်မက မန္တလေးက လှောင်သမားတွေပါ နေ့စဉ်ဝယ်ယူ သိုလှောင်နေကြတယ်၊ ဒီရက်ပိုင်းမှာ မန္တလေးဈေးကွက်ကို တစ်ရက် အိတ်တစ်သောင်းကျော်ဝင်ရောက်နေတယ်''ဟု ၎င်းက ပြောသည်။
လက်ရှိ အခြေအနေမှာ မန္တလေးမြို့၌ ပွဲလမ်းသဘင်၊ အလှူအတန်း ရာသီဖြစ်သည့်အတွက် အဆိုပါပဲများ ရောင်းအားကောင်းသဖြင့် ပဲခြမ်းစက်၊ ပဲမှုန့်စက်တို့မှာလည်း စက်အားလုံးနီးပါးလည်ပတ်လျက်ရှိသည်။
အဆိုပါပဲများကို သီတင်းကျွတ်နှင့် တန်ဆောင်မုန်းကာလများတွင် စတင်စိုက်ပျိုးကြပြီး တပို့တွဲလပြည့်ကျော်တွင် ထွက်လေ့ရှိကြောင်းနှင့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment