Wednesday, March 28, 2018

ကော့သောင်းမြို့အဝင် ဗျူးပွိုင့်တွင် ရွှေရောင်သံမဏိပြား စာလုံးကြီးများ တပ်ဆင်


ကော့သောင်း မတ် ၂၇

ကော့သောင်းမြို့သို့ ပြည်ထောင်စု လမ်းမ
ကြီးမှတစ်ဆင့် စတင်ဝင်ရောက်လာပါက သီရိမြိုင်ရပ်ကွက်အစဝန်းကျင်သည် အက်
ဒမန်ပင်လယ်ဝရှိ ကျွန်းနှင့်သာယာလှပ
သည့် အပေါ်စီးရှုခင်းများကြောင့် မြို့သို့
လာရောက်လည်ပတ်ကြသည့် ပြည်တွင်း
ပြည်ပ ခရီးသွားဧည့်သည်များ အမှတ်တရ
ဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်း၊ မြို့ခံ
ပြည်သူများ အပန်းဖြေအနားယူခြင်းဖြင့်  အစဉ်စည်ကားလျက်ရှိသည့် နေရာတစ်ခု ဖြစ်ရာ မြို့ပိုမိုသာယာလှပရေးနှင့် လာ
ရောက်လည်ပတ်ကြသည့် ပြည်တွင်း
ပြည်ပ ခရီးသွားများ ဓာတ်ပုံရိုက်ကူးရာ
တွင် မြန်မာနိုင်ငံတောင်ဘက်စွန်းရောက် အမှတ်တရဖြစ်ကြစေရန် ဗျူးပွိုင့်နေရာ
ကော့သောင်း-ဘုတ်ပြင်း ကားလမ်းဘေး
တွင် Welcome  To  KAWTHAUNG
(ကော့သောင်းမြို့မှ ကြိုဆိုပါ၏) ရွှေရောင်
သံမဏိပြား စာလုံးကြီးများ ယနေ့ နံနက် ပိုင်းက တပ်ဆင်ခဲ့ကြောင်း သိရသည်။

အဆိုပါစာလုံးများ  တပ်ဆင်ခြင်း
လုပ်ငန်းကို မြို့အင်္ဂါရပ်နှင့်အညီ လှပ
တင့်တယ်စေရန် ဆောက်လုပ်ရေးဝန်ကြီး
ဌာန၏ ကြီးကြပ်မှုဖြင့် လာရောက်လည်
ပတ်သည့် ခရီးသွားဧည့်သည်များ၊ မြို့နေ
ပြည်သူများ  စိတ်လက်အေးချမ်းစွာ အပန်း
ဖြေနိုင်ကြရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၇ ရက်ကWelcome  To  KAW THAUNG 
ရွှေရောင်သံမဏိပြား စာလုံးကြီးများ
တပ်ဆင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ
သည်။         

ကျော်စိုး (ကော့သောင်း)

No comments:

Post a Comment