Saturday, March 3, 2018

တောင်ကိုရီးယားကိုယ်စားလှယ် ပြုံယမ်းသို့ စေလွှတ်မည်

Image may contain: one or more people
ဆိုးလ် မတ် ၂
တောင်ကိုရီးယားသမ္မတ မွန်းဂျေအန်းက ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ကောင်းမွန်စေရန် ရည်ရွယ်ပြီး မကြာသေးမီက ပြုံချမ်းအားကစားပြိုင်ပွဲအတွင်း ရရှိခဲ့ သည့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းသည့်အနေဖြင့် မြောက်ကိုရီးယား နိုင်ငံသို့ တောင်ကိုရီးယား ကိုယ်စားလှယ်တစ်ဦး စေလွှတ် မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ပြောကြားခဲ့သည်ဟု မီဒီယာများက သတင်းထုတ်ပြန် ကြသည်။
မတ် ၁ ရက်တွင် တောင်ကိုရီးယားသမ္မတက အမေ ရိကန်သမ္မတ ထရန့်အား တယ်လီဖုန်းဖြင့် အထက်ပါကိစ္စ ကို ပြောကြားခဲ့ခြင်းဖြစ်သည်။
မကြာသေးမီက တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့ သည့် ပြုံချမ်း အားကစားပြိုင်ပွဲသို့ မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယိုဂျောင် တက်ရောက်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယား အထူးကိုယ်စားလှယ်က မြောက်ကိုရီးယားနိုင်ငံသို့ သွား ရောက်ကာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်တိုးတက်စေရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း တောင်ကိုရီး ယား သမ္မတမွန်းက သမ္မတထရန့်ကို ပြောကြားခဲ့သည်ဟု တောင်ကိုရီးယားသမ္မတရုံးက ဆိုသည်။
ထို့ပြင် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့များလာရောက်ခဲ့စဉ်က နှစ်နိုင်ငံဆွေးနွေးမှုများ၏ ရလဒ်ထွက် ပေါ်မှုများနှင့် ပတ်သက်ပြီး သမ္မတထရန့်နှင့် သမ္မတမွန်းတို့ က ဆွေးနွေးခဲ့ကြကြောင်း တောင်ကိုရီးယားသမ္မတရုံးက ပြောကြားခဲ့သည်။
ယင်းနောက် နှစ်နိုင်ငံခေါင်းဆောင်များက ကိုရီးယား ကျွန်းဆွယ်ဒေသအတွင်း နျူကလီးယားလက်နက် ကင်းစင် ပပျောက်စေရန် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးပွဲများ ကျင်းပ ကာ အဖြေရှာရမည်ဟု သဘောတူညီခဲ့ကြသည်။
မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယိုဂျောင်က သမ္မတမွန်းအား ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကျင်းပရန် မြောက်ကိုရီး ယားနိုင်ငံသို့ အလည်အပတ်လာရောက်ရန် ဖိတ်ကြားခဲ့ ကြောင်း သိရသည်။ ပြုံယမ်းနှင့် ဝါရှင်တန်တို့ နျူကလီး ယားအရေး ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ပြီးမှသာ ကိုရီးယားနှစ်နိုင်ငံထိပ်သီးအစည်းအဝေး ကျင်းပရန် မြောက်ကိုရီးယားနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အဆိုပါဖိတ်ကြားမှုကို သမ္မတမွန်းက ပြန်လည်တုံ့ပြန် သည့်အနေဖြင့် ပြောကြားခဲ့သည်။ ပြုံယမ်းအနေဖြင့် ဝါရှင် တန်နှင့်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် အဆင်သင့်ဖြစ် ကြောင်း ကင်ယိုဂျောင်က ပြန်လည်ပြောကြားခဲ့သည်။
တောင်ကိုရီးယားအထူးကိုယ်စားလှယ်အနေဖြင့် ပြုံယမ်းအား ဝါရှင်တန်နှင့် နျူကလီးယားအရေး ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ရန် အကြံပြုတိုက်တွန်းနိုင်ဖွယ်ရှိ ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment