Saturday, March 3, 2018

ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲ မေ ၂ဝ ရက်တွင် ကျင်းပမည်

Image may contain: 3 people, people smiling, camera
ကရာကတ်စ် မတ် ၂
ဗင်နီဇွဲလားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲကို ယခုနှစ် မေ ၂ဝ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အမျိုးသား ရွေးကောက်ပွဲ ကောင်စီ(စီအန်အီး) ဥက္ကဋ္ဌ တီဘီဆေး လူစီနာက မတ် ၁ ရက်တွင် ပြောကြားသည်။
ယခုနှစ် ဧပြီလနှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထား သည့် ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲကို မေလ နှောင်းပိုင်းသို့ ရွှေ့ပြောင်း သတ်မှတ်ရန် ဗင်နီဇွဲလားအစိုးရ နှင့် အတိုက်အခံပါတီများ သဘောတူညီမှုရရှိပြီးနောက် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုသည် လက်ရှိအာဏာရပါတီဖြစ်သည့် ဗင်နီဇွဲလားယူနိုက်တက် ဆိုရှယ်လစ်ပါတီ (ပီအက်စ်ယူဗွီ)၏ ကိုယ်စားပြု သမ္မတ လောင်းအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး လာဆာပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အန်ရီဖယ်လ် ကွန်လည်း ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရွေးချယ်ခံမည်ဖြစ်သည်။
ဖယ်လ်ကွန်၏ ရွေးကောက်ပွဲလှုံ့ဆော်မဲဆွယ်ရေးအဖွဲ့ အကြီးအကဲ လူရစ်ယို မီရိုနှင့် သမ္မတမာဒူရို၏ ဆက်သွယ်ရေးနှင့်ပြန်ကြားရေးဝန်ကြီး ဂျော့ခ်ျရိုဒရီဂွက်စ် တို့သည် သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြပြီး သမ္မတရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့်ရလဒ်များကို အလေးထားမည်ဟု ကတိပြုခဲ့ကြသည်။
ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲတွင် အခြားပြိုင် ဘက် ကိုယ်စားလှယ်လောင်းလေးဦးလည်း ပါဝင်ယှဉ်ပြိုင် မည်ဟု ကရာကတ်စ်အခြေစိုက် တယ်လီဆော သတင်းကွန်ရက်မှ ဖော်ပြသည်။
ဆင်ဟွာ

No comments:

Post a Comment