Saturday, March 3, 2018

သက်ကြီးရွယ်အိုများအတွက် အထောက်အပံ့ဖြစ်စေမည့် သက်ကြီးရွယ်အိုဆိုင်ရာဥပဒေ ရှင်းလင်း

Image may contain: one or more people, people sitting and indoor
ရန်ကုန် မတ် ၂
၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၄ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ ရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၇ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ လူမှု ဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းတွင် ပြုလုပ် ခဲ့သည်။
''အသက် ၆ဝ နဲ့ အထက်ရှိတဲ့ မြန်မာနိုင်ငံသားကို သက်ကြီးရွယ်အို အဖြစ် ဒီဥပဒေမှာ အဓိပ္ပာယ်ဖွင့်ဆို ထားပါတယ်၊ အသက်အပိုင်းအခြား အလိုက်ကို စနစ်တကျ ဖွံ့ဖြိုးတိုးတက် ခွင့်ရဖို့ လူသားတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးတွေ ပြည့်ဝဖို့ လုပ်ဆောင် တဲ့အခါမှာ စည်းစနစ်တကျနဲ့၊ မူဘောင်တစ်ခုနဲ့ လုပ်ဆောင်ဖို့ လိုအပ်တဲ့အတွက် ရေးဆွဲရတာ ဖြစ်ပါတယ်၊ အရင်တုန်းကထက် စာရင် သက်ကြီးရွယ်အို ဦးရေဟာ အရေအတွက်ရော အချိုးအစားပါ ပြောင်းလဲလာတယ်၊ သက်ကြီးရွယ်အို တွေအတွက် လုပ်ဖို့လိုအပ်လာပြီဖြစ် တဲ့အတွက် ဒီဥပဒေတွေ ပြဋ္ဌာန်းတာ ဖြစ်ပါတယ်''ဟု လူမှုဝန်ထမ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကေသီကျော်က ပြောသည်။
အဆိုပါဥပဒေတွင် သက်ကြီး ရွယ်အိုများအတွက် မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ ဖွဲ့စည်းခြင်း၊ ခရိုင်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် အဆင့် အဖွဲ့များ ဖွဲ့စည်းခြင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေး များ၊ မိဘဘိုးဘွားများအား စရိတ် ထောက်ပံ့ခြင်း၊ ကြည့်ရှုစောင့်ရှောက် ခြင်းနှင့် သားသမီးမြေးတို့၏ တာဝန် များ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ခြင်း၊ ကြည့်ရှုစောင့်ရှောက် ခြင်းနှင့် ယေဘုယျ တာဝန်ဝတ္တရား များ၊ သက်ကြီးရွယ်အိုများ ပုံမှန်ဝင်ငွေ ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် လူမှုရေးစောင့်ရှောက်မှု ရရှိရေး၊ သက်ကြီးရွယ်အိုများ လူ့ဘောင် အဖွဲ့အစည်းအတွင်း ပါဝင်ဆောင် ရွက်မှု ၊ သက်ကြီးရွယ်အို သက်သေခံ ကတ်ပြား ထုတ်ပေးခြင်းနှင့် ကိုင်ဆောင်အသုံးပြုခြင်း စသည်တို့ အပြင် ပြစ်မှုနှင့် ပြစ်ဒဏ် သတ်မှတ် ချက်များ ပါဝင်ပြီး အခန်းပေါင်း ၁၇ ခန်းပါဝင်ကြောင်း သိရသည်။
''ဒီဥပဒေအရ သက်သေခံကတ်ပြား ကိုင်ဆောင်ထားတဲ့ သက်ကြီးရွယ်အို တစ်ဦးက သက်ကြီးရွယ်အိုအခွင့် အရေးဆိုတဲ့အခါမှာ မိသားစုကနေ အခွင့်အရေး ပေးရမှာဖြစ်သလို ပြည်သူလူထုအတွင်း နယ်ပယ် အသီးသီးကနေပြီးတော့ သူတို့ရဲ့ ဘိုးဘွားတွေနဲ့ သက်ဆိုင်တဲ့ အခွင့် အရေးကိုပေးရမှာပါ၊ အဲဒီအခွင့်အရေး တွေ ပေးရမှာကို သူတို့သည် ငြင်းပယ် တယ် လျစ်လျူရှုတယ်ဆိုရင် တရားစွဲ ဆိုပြီး ပြစ်မှုပြစ်ဒဏ်ချမှတ်နိုင်တယ် လို့ ဒီဥပဒေက ပြဋ္ဌာန်းထားတာဖြစ် ပါတယ်''ဟု ညွှန်ကြားရေးမှူး ဒေါက်တာ ကေသီကျော်က ပြောသည်။
ထို့ပြင် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးကို ပေးရမည့် မည်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှ တာဝန်ရှိသူ မည်သူမဆို သက်ကြီး ရွယ်အို သက်သေခံကတ်ပြားပြသ၍ သက်ကြီးရွယ်အိုများ၏ အခွင့်အရေး ကို ခံစားခွင့်ပြုပါရန် တောင်းဆိုခြင်းကို ငြင်းပယ်ကြောင်း သို့မဟုတ် လျစ်လျူ ရှုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ် ဆယ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း အဆိုပါရှင်းလင်း ပွဲမှ သိရသည်။
သီသီမင်း

No comments:

Post a Comment