Friday, March 30, 2018

ကားဘီးပေါက်ပြီး တိမ်းမှောက်ရာမှ ကားမီးလောင်မှုဖြစ်ပွား

Image may contain: car and outdoor
မိုးကောင်း မတ် ၂၉
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အင်းပေါင်းကျေးရွာနှင့် ဆားမှော်ကျေးရွာကြားတွင် မတ် ၂၉ ရက် ညနေ ၃ နာရီ က PAJERO အမျိုးအစား မော်တော်ယာဉ်တစ်စီး ဘီးပေါက်၍ တိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ မိုးညှင်းမြို့မှ မြစ်ကြီးနားသို့ မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်နေ နိုင်လင်းထွန်း ၃ဝ နှစ် မောင်းနှင်လာသည့်KCK-9F/---- နံပါတ်ပါ PAJERO အမျိုးအစား မော်တော်ယာဉ်သည် ဆားမှော်ကျေးရွာနှင့် အင်းပေါင်းကျေးရွာကြား ကျေးရွာချင်းဆက်လမ်း မိုင်တိုင် ၅/၅ နှင့် ၅/၆ အရောက်၌ ကားဘီးပေါက်၍ လမ်း၏ယာဘက် သို့ တိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဒုတိယဦးစီးမှူး ဦးချမ်းငြိမ်းသူနှင့် မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဆားမှော်ကျေးရွာမှ မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ညနေ ၃ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ပြီး နိုင်လင်းထွန်းအား မိုးကောင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment