Friday, March 30, 2018

ဒဏ်ရာပြဿနာကြောင့် မက်ဆီနှင့် တာစတီဂန်တို့ ဆီဗီလာနှင့် ပွဲစဉ်ကို လွဲချော်နိုင်

Image may contain: 1 person, playing a sport and outdoor
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ဂိုးသမားတာစတီဂန်တို့မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရသည့်အတွက် ဆီဗီလာနှင့်ယှဉ်ပြိုင်မည့် လာလီဂါပွဲစဉ်ကို လွဲချော်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။
ဘာစီလိုနာအနေဖြင့် အဓိကကစားသမားနှစ်ဦး မပါဝင်ဘဲ စပိန် တောင်ပိုင်းသို့ အဝေးကွင်းပွဲစဉ် သွားရောက်ရင်ဆိုင်ရန် ရှိနေသလို ယင်းပွဲစဉ်အပြီးတွင်လည်း ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရိုးမားနှင့် ဆက်လက်ယှဉ်ပြိုင်ရဦးမည်ဖြစ်ရာ နည်းပြ ဗယ်လ်ဗာဒီအတွက် စိုးရိမ် စရာ အနေအထားပင်ဖြစ်သည်။
မက်ဆီမှာ တံကောက်ကြောဒဏ်ရာကြောင့် အီတလီ၊ စပိန်တို့နှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်နှစ်ရပ်လုံးတွင် အာဂျင်တီးနားအတွက် ဝင် ရောက်ကစားပေးနိုင်ခြင်းမရှိသလို တာစတီဂန်မှာလည်း ဒူးဒဏ်ရာ ကြောင့် ဘရာဇီးနှင့် ပွဲစဉ်တွင် ဂျာမနီအတွက် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပေ။ မက်ဆီမပါဝင်သည့် အာဂျင်တီးနားက အီတလီကို အနိုင် ရခဲ့သော်လည်း စပိန်ကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သလို ဂျာမနီကလည်း ဘရာဇီးကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။
ဗယ်လ်ဗာဒီက ''သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေ ဘယ်လောက်အထိ ကြံ့ခိုင်မှုရှိသလဲဆိုတာ ကျွန်တော် အသေးစိတ် မသိသေးဘူး၊ သူတို့ရဲ့ အခြေအနေကို သိနိုင်ဖို့ ဆေးစစ်မှု ပြုလုပ်သွား ဦးမှာပါ၊ ဆရာဝန်တွေကပဲ သူတို့ ကစားနိုင်မယ်၊ မကစားနိုင်ဘူးဆိုတာ ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပြီး ဒီမတိုင်ခင် ကျွန်တော်တို့ဘာသာ ကြို ဆုံးဖြတ်ပြီး သောကဝေနေဖို့ မဖြစ်နိုင်ပါဘူး'' ဟု ပြောကြားခဲ့သည်။
ဗယ်လ်ဗာဒီက နိုင်ငံတကာပွဲစဉ်များအပြီး ကစားသမားအများစု ဒဏ်ရာပြဿနာများ ရှိနေတတ်သည်မှာ ထုံးစံတစ်ရပ်ဖြစ်နေပြီး ထို့ အတွက် အကောင်းဆုံးပြင်ဆင်ထားရန်သာ လိုကြောင်း ဆိုခဲ့သလို ဆီဗီလာနှင့် ပွဲစဉ်တွင် အနိုင်ရရှိပါက လာလီဂါဖလားအတွက် သေချာ သလောက် ဖြစ်သွားမည်ဖြစ်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment