Sunday, March 4, 2018

တောင်သူလယ်သမားများနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဥပဒေ နည်းဥပဒေ ရှင်းလင်းပွဲများ ကျင်းပပေးနိုင်ရေး စီစဉ်ဆောင်ရွက်မည်

Image may contain: 3 people, people standing and outdoor
နေပြည်တော် မတ် ၃
တောင်သူလယ်သမားအများစုမှာ သက်ဆိုင်ရာ ဥပဒေများကို သိရှိနားလည်မှု အားနည်းချက်များကြောင့် ထိခိုက်နစ်နာမှုများ ကြုံတွေ့နေကြရသည်ကို မကြာခဏ တွေ့မြင်နေရသဖြင့် မြေယာဆိုင်ရာ ဥပဒေများအပါအဝင် တောင်သူလယ်သမားများနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းပွဲများ ကျင်းပပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ပိုင်ဆိုင်မှု အငြင်းပွားပြဿနာ ကင်းရှင်းပြီး အချက် အလက် ပြည့်စုံမှန်ကန်သော်လည်း သတ်မှတ်ကာလ အတွင်း ပုံစံ-၇ မရရှိပါက ဆက်သွယ်တိုင်ကြားနိုင်ရန် ဖုန်းနံပါတ်များပါရှိသည့် ကြော်ငြာဆိုင်းဘုတ်များကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးတိုင်းတွင် ထားရှိပြီး ချက်ချင်းအရေးယူ ဆောင်ရွက် ပေးလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးတွင် တောင်သူလယ်သမားများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ကျောင်းကုန်းမြို့နယ် ကောက်ကြီးကုန်းကျေးရွာ လယ်မြေ ၁၂၁ ဒသမ ၄၄ ဧကအား အဆင့်မြှင့်တင် ဖော်ထုတ်ပေးနေ မှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်က ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံ၍SRI စိုက်ပျိုးနည်းစနစ်ဆိုင်ရာ သိမှတ်ဖွယ်ရာ များ လယ်မြေကို အခြားနည်း သုံးစွဲခွင့်ပြုချက်ရယူပြီး ခြောက်လအတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိပါက အဆိုပါမြေကို နိုင်ငံတော်ပိုင် အဖြစ် သိမ်းယူရန် ဥပဒေတွင်ပြဋ္ဌာန်းထားသည်ကိုလည်း သတိမူကြရမည်ဖြစ်ကြောင်း။
မြေလွတ်မြေလပ်နှင့်ပတ်သက်၍ ဒေသခံလယ်သမား မည်သူမဆို လျှောက်ထားလုပ်ကိုင်နိုင်ကြကြောင်း၊ တိုင်း အဆင့်တွင် ၁ဝ ဧကမှ စတင် လျှောက်ထားနိုင်ကြောင်း၊ ထိုမှ အောင်မြင်လျှင် ဧက ၂ဝ၊ ဧက ၅ဝ ဆက်လက် လျှောက်ထားနိုင်ပြီး တောင်သူ၏ လုပ်ကိုင်နိုင်မှုစွမ်းအား နှင့် အရင်းအနှီးအပေါ် အခြေခံ၍ ဧက ၅ဝဝဝ ထိ လျှောက်ထားနိုင်ရန် ဥပဒေမှာ ပြဋ္ဌာန်းထားပါကြောင်း။
သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေတွင် ပါဝင်ခြင်းမရှိသေးသော်လည်း ဒေသနေပြည်သူများ၏ လတ်တလောလိုအပ်ချက် အခက်အခဲများကို မိမိတို့ဝန်ကြီး ဌာနက ဆောင်ရွက်လျက်ရှိသော မျှဝေခြင်းအစီအစဉ်မှ စုပေါင်းထည့်ဝင်လှူဒါန်းငွေများ၊ ဌာနမှ စက်ယန္တရား အင်အား၊ ပညာရှင်ဝန်ထမ်းအင်အားများဖြင့် ရေတွင်း၊ ရေကန်၊ သောက်ရေတွင်းများ တူးဖော်ပေးခြင်း၊ ချောင်းကော မြောင်းကော ဆည်ရေသောက်များ ဆောင်ရွက်ပေးခြင်းဖြင့် မိမိဝန်ကြီးဌာနက အများအကျိုးအတွက် အမြဲအားထုတ် ကြိုးစားလျက်ရှိနေပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းက လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက် ပေးနေမှုများ၊ ဆက်လက်ဆောင်ရွက်ရန်အစီအစဉ်များ နှင့် တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များအားလုံး တို့က ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပိုးသတ်ဆေးများတွင် မြန်မာ စာတန်းပါရှိသော ဆေးဝါးသက်တမ်းနှင့် အညွှန်းအပြည့် အစုံပါရှိသည့် ဆေးဝါးများကိုသာ အသုံးပြုကြရန်နှင့် စိုက်ပျိုးရေးဆေးဝါး၊ သွင်းအားစု ဓာတ်မြေသြဇာများတွင် မမှန်ကန်မှု တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြား ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာအကူအညီများ လိုအပ် ပါက စိုက်ပျိုးရေးဦးစီးဌာန Call Center ကို ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာ ဖုန်း ဝ၁-၂၃၉၉၅၅၅၊ ဝ၆၇-၄၁ဝ၁၃၉ တို့သို့ ရုံးဖွင့်ရက်များတွင် နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီအတွင်း ဆက်သွယ်နိုင်ကြပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း SRI စိုက်ပျိုးနည်းစနစ် ဖြင့် စိုက်ပျိုးလုပ်ကိုင်နေမှုအခြေအနေများ၊ လက်တွေ့ စိုက်ပျိုးထားသော စပါးပင်နမူနာများ ခင်းကျင်းပြသထားမှု များကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment