Sunday, March 4, 2018

မော်လူးတွင် သုံးနှစ်ကျော် ထွက်ပြေးလွတ်မြောက်နေသော လူသတ်တရားခံ ဖမ်းဆီးရမိ


မော်လူး မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ် မော်လူးတွင် သုံးနှစ်ကျော် ထွက်ပြေးလွတ်မြောက်နေသော လူ သတ်တရားခံကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။
ဖြစ်စဉ်မှာ ၂ဝ၁၅ ခုနှစ် ဖေဖော် ဝါရီက မော်လူးအုပ်စု ကရင်ကျေးရွာ အရှေ့ဘက် အခင်းလယ်တဲ၌ တောင်ယာလုပ်ကိုင်ပြီး တစ်ဦးတည်း နေထိုင်သူ ဦးထွန်းမြဆိုသူအား လူငယ်သုံးဦးတို့က အကြောင်းမဲ့ သတ် ဖြတ်မှုဖြစ်ပွားခဲ့သည်။ ¤င်းတို့အနက် နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက် လျက်ရှိရာ အဆိုပါ ထွက်ပြေးလွတ် မြောက်နေသူအား မတ် ၂ ရက် နံနက် ၁၁ နာရီခွဲအချိန် မော်လူးတွင်ရောက် ရှိနေကြောင်းသတင်းအရ ကသာ ခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့ ခေါင်းဆောင် ရဲအုပ်အောင်အောင် သန်းနှင့်အဖွဲ့သည် သက်သေများနှင့် အတူ မော်လူးစံပြကျေးရွာရှိ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး ဘေး (လမ်းမတော်လမ်း) မင်းသီဟ လက်ဖက်ရည်ဆိုင်ရှေ့တွင် အဆိုပါ ထွက်ပြေးလွတ်မြောက်နေသော တရားခံသိန်းဝင်းအောင် ၃၃ နှစ် မော်လူးအုပ်စု ကရင်ရွာ နေထိုင်သူ အား ဖမ်းဆီးခဲ့ပြီး မော်လူးရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဝ၅၈

No comments:

Post a Comment