Thursday, March 29, 2018

မြေနေရာလျော်ကြေးငွေ ဒုတိယအကြိမ်မြောက်ပေးအပ်

Image may contain: one or more people and people sitting
မုံရွာ မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အလုံရပ်ကွက် မင်းဒေါင့်ဆိပ်ကမ်းရှိ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန စူးစမ်းလေ့လာရေးဌာန
ခွဲလက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ-၃) ရုံး
မင်းဒေါင့်အခြေစိုက်စခန်း အလုံတောင်ကွင်း
အမှတ်-၃၂၇ရှိ မြေပိုင်ရှင်များအား ဒုတိယအကြိမ် မြောက် မြေယာလျော်ကြေး ငွေများ ပေးအပ်ပွဲကို မုံရွာမြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း
အဝေးခန်းမ၌ မတ် ၂၈ ရက် နံနက် ၁ဝ နာရီ ခွဲက
ကျင်းပသည်။
''အခုမြေလျော်ကြေးပေးတဲ့ မြေကွက်တွေက ဒုတိယအကြိမ်မြောက် ပေးအပ်ခြင်းဖြစ်ပါတယ်၊ အခုလို မြေယာလျော်ကြေးတွေ ပြန်ပေးတဲ့အခါမှာ နောက်ပိုင်းမှာ အရှုပ်အရှင်းတွေမဖြစ်ရအောင်လို့
ပိုင်ဆိုင်မှုအထောက်အထားတွေ ပြန်လည်စိစစ်
တယ်၊ တချို့ကလည်း အဆင့်ဆင့်အရောင်း
အဝယ်လုပ်ထားတာမျိုး၊ တချို့ကလည်း အမည်
ပေါက် ပိုင်ရှင်ကသက်ရှိထင်ရှားမရှိတော့ဘဲ ဇနီး၊
သားသမီးတွေလက်ထဲမှာ ကျန်ခဲ့တာမျိုးတွေရှိပါ
တယ်၊ အဲဒီအတွက် အထောက်အထားတွေကို ခိုင်မာပြည့်စုံအောင်စိစစ်ပြီးတော့မှပေးတာဖြစ်
ပါတယ်၊ အခုလျော်ကြေးငွေပေးအပ်တဲ့ မြေနေရာ
တွေက ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာရေးနှစ်မှာ ခြံစည်းရိုး ခတ်ခြင်း၊ မြေပြင်ခြင်းနဲ့ မြေရှင်းတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်၊ အဲဒီတုန်းကတော့ ထမံသီနဲ့
ရွှေစာရေး ရေအားလျှပ်စစ်တွေအတွက် လုပ်ဆောင်
ခဲ့တာပါ၊ အခုတော့ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေး ဦးစီးဌာန၊ စူးစမ်းလေ့လာရေး
ဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူးရုံး (မြို့ပြ-၃)
ရုံး မုံရွာမြို့အခြေစိုက်စခန်းအဖြစ် ဖွင့်လှစ်ထားပါ
တယ်၊ အခုလျော်ကြေးငွေတွေကိုလည်း တိုင်း
ဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်ပေးထားတဲ့ မုံရွာ
မြို့နယ်ရဲ့ မြေဈေးနှုန်းကာလတန်ဖိုးနဲ့ တွက်ချက်ပြီး
ပေးထားတာပါ၊ (ပေ ၆ဝx ပေ ၄ဝ) တစ်ကွက်ကို
ငွေကျပ် ၅၅ သိန်းနှုန်းနဲ့ လျော်ကြေးငွေပေးတာပါ'' ဟု ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး
ဦးစီးဌာန စူးစမ်းလေ့လာရေးဌာနခွဲ လက်ထောက်
ညွှန်ကြားရေးမှူး (မြို့ပြ-၃) ရုံးမှ ဦးစီးအရာရှိ ဦးဝင်း
ခန့်ကျော်က ပြောသည်။
ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး
ဦးစီးဌာန စူးစမ်းလေ့လာရေးဌာနခွဲ လက်ထောက်
ညွှန်ကြားရေးမှူး (မြို့ပြ-၃) ရုံးမြေနေရာသည် စုစုပေါင်း ၁၁ ဒသမ ဝ၇ ဧက ကျယ်ဝန်းပြီး စုစု
ပေါင်းမြေကွက် ၉၆ ကွက်ရှိရာ ပထမအကြိမ်တွင်
မြေကွက် ၃၃ ကွက်ကို ပိုင်ဆိုင်သည့် မြေပိုင်ရှင် ၁၈
ဦးသို့ ပေ (၆ဝx၄ဝ) ရှိမြေကွက် တစ်ကွက်လျှင် ငွေ
ကျပ် ၅၅ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၈၁၅
သိန်းအား ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က လျော်
ကြေးငွေများပေးအပ်ခဲ့ပြီး ကျန်ရှိမြေကွက်များ၏
ပိုင်ရှင်များမှ ထပ်မံတင်ပြလာမှုကို စိစစ်ပြီး ယနေ့
တွင် မြေပိုင်ရှင် ၃၈ ဦးပိုင်ဆိုင်သည့် မြေကွက် ၄၁
ကွက်အား ယခင်ဈေးနှုန်းအတိုင်း စုစုပေါင်းငွေကျပ်
သိန်း ၂၂၅ဝ အား တိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့
ခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိသော မြေကွက် ၂၂ ကွက်
အားလည်း ခိုင်လုံသည့် အထောက်အထားများဖြင့်
ထပ်မံတင်ပြလာပါက လျော်ကြေးငွေများ ဆက်
လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment