Thursday, March 29, 2018

ဝါရှောင်ရေလွှဲဆည်အတွင်း သဲနုန်းဆယ်ယူမှုလုပ်ငန်းပြီးစီးပါက လယ်မြေဧက ၁၁ဝဝဝ ကျော်အား ရေပေးဝေနိုင်မည်

Image may contain: sky, outdoor, nature and water
ဝိုင်းမော် မတ် ၂၈
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝါရှောင်ရေလွှဲဆည်အတွင်း သဲနုန်းများ
ဆယ်ယူခြင်းလုပ်ငန်းကို မတ် ၁ ရက်မှ စတင် ဆောင်ရွက်လျက်ရှိရာ မတ် ၃၁ ရက်
တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးပါက
ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူ
များ၏ လယ်မြေ ဧက ၁၁ဝဝဝ ကျော်
အား ရေပေးဝေနိုင်တော့မည်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင် ဆည်မြောင်းနှင့် ရေအသုံး
ချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)ဦးနေဝင်းထံမှ သိရသည်။
''ဝါရှောင်ဆည်ကို ၁၉၆၂-၁၉၆၃ ခုနှစ်
ကနေစပြီး အကောင်အထည်ဖော် တည်
ဆောက်ခဲ့ပါတယ်၊ ပြီးစီးတဲ့ကာလ ကတော့
၁၉၆၉ စက်တင်ဘာ ၃ဝ ရက်မှ လုပ်ငန်း
ပြီးစီးခဲ့ပြီး ဝါရှောင်ဆည်ကနေ စိစစ်ဆည်
ရေသောက်လယ်မြေ ၁၁၄၄၆ ဧကလျာထား
ရာမှာ ဆည်ရေသောက် လယ်အားလုံးကို ရေပေးဝေနိုင်တဲ့အပြင် မြို့ပေါ်ရပ်ကွက်
ကျေးရွာများရှိ ဌာနဆိုင်ရာများ၊ ဒေသခံ
ပြည်သူများအတွက် သောက်သုံးရေများ
လည်း ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်၊ ၂ဝဝ၄ ခုနှစ်
မှာ ဧရာဝတီမြစ်ရေ လွှမ်းမိုးမှုကြောင့် ဝါရှောင်ဆည် လက်တံမြောင်း (F)ကျိုးပြတ် ခဲ့ပြီး ဒီနေ့အထိ လက်တံမြောင်း (F) မှ
ဆည်ရေသောက်လယ် ဧက ၄ဝဝ ကျော်ကို
ရေပေးဝေနိုင်ခြင်း မရှိခဲ့ပါဘူး၊ အခုတော့
ကျိုးပြတ်သွားတဲ့ လက်တံမြောင်း (F) ကို
လည်း ဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ အရှည်ပေ ၁၆ဝ၊ အကျယ် သုံးပေ၊ အမြင့်
သုံးပေရှိတဲ့ သံထည် ရေတံလျှောက်ကို
လည်း အသစ်တပ်ဆင် ပြုပြင်ပြီးဖြစ်တဲ့
အတွက် ၂ဝ၁၈-၂ဝ၁၉မိုးစပါးစိုက်ရာသီမှာ
ဆည်ရေသောက်လယ်မြေ ၄၁၅ ဧကကို
တိုးမြှင့် စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်'' ဟု
မြစ်ကြီးနားခရိုင် ဆည်မြောင်းနှင့် ရေအသုံး
ချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူး (မြို့ပြ)ဦးနေဝင်းက ပြော
ကြားသည်။
ဝါရှောင်ရေလွှဲဆည်အတွင်း သဲနုန်းများ ဖယ်ရှားမှုနှင့်စပ်လျဉ်း၍ ဝိုင်းမော်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး
ဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးစိုးဝေ
လင်းထွန်းက ''သဲနုန်းတွေက နှစ်စဉ် ရေ
တိုက်စားပို့ချမှုကြောင့် ဆည်အတွင်းမှာ
ဒု ၁၂ ပေခန့်အထိ မြင့်တက်လာပြီး ရေ
သိုလှောင်မှု ပမာဏ နည်းပါးသွားတာ
ကြောင့် သဲနုန်းဖယ်ရှားခြင်းကို ဆောင်
ရွက်ခဲ့ခြင်းဖြစ်ပါတယ်၊ အခုလို ဆောင်ရွက်
ရာမှာ ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်
ရွက်နိုင်ရန် မြေတူးစက်နှစ်စီး၊ မြေသယ်
ယာဉ် ၁ဝ စီး၊ မြေတွန်းစက် တစ်စီးနဲ့
အကောင်အထည်ဖော် ဆောင်ရွက်လျက်
ရှိရာမှာ ယနေ့အထိ ၈ဝ ရာခိုင်နှုန်း ကျော်
ပြီးစီးနေပါပြီ၊ ထွက်ရှိလာတဲ့ သဲနုန်းတွေ
ကိုလည်း လိုအပ်တဲ့ လုပ်ငန်းခွင် ဧရိယာ
နေရာတွေမှာ ဖြည့်ဆည်းခင်းကျင်းနိုင်ခဲ့ပါ
တယ်'' ဟု ရှင်းလင်းပြောကြားသည်။
ဝိုင်းမော်မြို့နယ်အတွင်း မြို့ပေါ်
ရပ်ကွက်ကျေးရွာများမှ ဆည်ရေသောက် လယ်မြေများအပြင် ဒေသခံပြည်သူများမှာ
လည်း ဝါရှောင်ဆည်အတွင်းမှ ဆည်ရေ
ကို အားကိုးအားထားပြုနေရပြီး ယခုကဲ့
သို့ သဲနုန်းဆယ်ယူခြင်းနှင့် လက်တံမြောင်း
(F) ရေတံလျှောက် လုပ်ငန်းဆောင်ရွက်
ပေးခြင်းကြောင့် ဒေသခံပြည်သူများမှာ လည်း ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိ
ကြောင်း ခတ်ချိုကျေးရွာနေ တောင်သူကြီး ဦးစိုင်းသူရထံမှ သိရသည်။
ဦးလေးကြီး

No comments:

Post a Comment