Thursday, March 29, 2018

မန္တလေးသင်္ကြန် ကျုံးပတ်လည်တွင် မဏ္ဍပ်ကြီး ၂၆ ခု နေရာချထားမည်

Image may contain: 1 person, crowd and outdoor
မန္တလေး မတ် ၂၈
မန္တလေးသင်္ကြန် ကျုံးပတ်လည်တွင် မဏ္ဍပ်
ဆောက်လုပ်မည့် အစီအစဉ်အနေဖြင့် ကျုံးအရှေ့
ဘက်တွင် ပေ ၁ဝဝx၂၅ ပေ မဏ္ဍပ်ကြီး ခုနစ်ခု၊
ကျုံးမြောက်ဘက်တွင် ပေ ၁ဝဝx၂၅ ပေ မဏ္ဍပ်ကြီး
ကိုးခုနှင့် ပေ ၃ဝ x ၁၂ ပေ မဏ္ဍပ်ရှစ်ခု၊ ကျုံး
အနောက်ဘက်တွင် ပေ ၁ဝဝx၂၅ ပေ မဏ္ဍပ်ကြီး
၁ဝ ခုနှင့် ပေ ၃ဝx၁၂ ပေမဏ္ဍပ် ၃၅ ခုတို့ ဆောက်
လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် ကျုံးတောင်
ဘက် လမ်းလျှောက်သင်္ကြန်ကျင်းပမည့်နေရာ
တွင် ပေ ၃ဝx၁၂ ပေ မဏ္ဍပ် ၅၁ ခု၊ ပေ ၂ဝx၁၂ ပေ
မဏ္ဍပ် ၁၅ ခု၊ ပေ ၁ဝx၁၂ ပေမဏ္ဍပ် ၁၉ ခုနှင့်
ပေ ၁ဝဝx၁၂ ပေ စတုဒိသာမဏ္ဍပ်နှစ်ခု ဆောက်
လုပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီမှ သိရသည်။
မန္တလေးသင်္ကြန် ကျုံးပတ်နေရာချထားမည့် မဏ္ဍပ်ကြီး ၂၆ နေရာ တွင် မတ် ၁၉ ရက် အထိ
၁ဝ နေရာ လေလံရရှိသွားပြီဖြစ်ကြောင်း၊ မဏ္ဍပ်
တွေကို နေရာချထားပေးရာမှာ သူတို့ကို သတ်မှတ်
ပေးလိုက်တဲ့ အကျယ်အဝန်းအတိုင်း ဆောက်ရ
မှာပါ၊ အဲဒီထက်ပိုသွားရင်တော့ သတ်မှတ်ဒဏ်
ကြေးပေးဆောင်ရမှာပါ၊ ကျန်နေတဲ့နေရာတွေ လည်း ဆက်လက်ချထားပေးမှာဖြစ်တယ်၊ ဒီနှစ်
ကြမ်းခင်းဈေးက နေရာအလိုက် ကျပ်သိန်း ၈ဝ နဲ့
၁ဝဝ ဝန်းကျင်မှာရှိတယ်၊ ယခင်က မန္တလေး
မြို့တော်စည်ပင်သာယာရေးကော်မတီမှ အခွန်
အနည်းသာရရှိခဲ့ပြီး မဏ္ဍပ်ဆောက်လုပ်သူများမှာ ပြင်ပမှ ငွေကြေးအမြတ်အစွန်းပေးကာ နေရာ
အတွက်ဝယ်ယူခဲ့ခြင်းများရှိပြီး ယခုကဲ့သို့ လေလံ
စနစ် ပွင့်လင်းမြင်သာ ပြုပြင်ပြောင်းလဲခဲ့ခြင်း ကြောင့် အခွန်အခပိုမိုရရှိလာနိုင်သည့်အပြင်
ကြမ်းခင်းဈေးသတ်မှတ်ထားသောကြောင့် မဏ္ဍပ်
ဆောက်လုပ်ခွင့် လေလံဆွဲသူများပြားလာ ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး
ကော်မတီအခွန်ဌာနမှ တာဝန်ရှိသူက ပြော
သည်။
သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment