Thursday, March 29, 2018

ဆော်ဒီအာရေဗီးယားနှင့် ပွဲစဉ်တွင်ဘယ်လ်ဂျီယံအတွက် လူကာကူ နှစ်ဂိုးသွင်းယူ

Image may contain: 1 person
နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံ အသင်းနှင့် ဆော်ဒီအာရေဗီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘယ်လ်ဂျီယံအသင်းက ဆော်ဒီအာရေဗီးယားအသင်းကို အနိုင်ရရှိခဲ့ သည်။
ယင်းပွဲစဉ်တွင် ဘယ်လ်ဂျီယံအသင်းသည် လူကာကူ၊ ဒီဘရိုး၊ ဟာဇက်၊ ဒမ်ဘီလီ၊ ဘတ်ရူယာယီ၊ ကွန်ပနီ၊ ဗာမေလန် စသည့် ကစား သမားကောင်းများကို ပွဲထုတ်ကစားခဲ့ပြီး လေးဂိုးပြတ်ဖြင့် ဆော်ဒီ အာရေဗီးယားအသင်းကို အနိုင်ရရှိခဲ့ကာ ဘယ်လ်ဂျီယံအသင်းအတွက် သွင်းဂိုးများကို လူကာကူ ၁၃ မိနစ်၊ ၃၉ မိနစ်၊ ဘတ်ရူယာယီ ၇၇ မိနစ်နှင့် ဒီဘရိုင်း ၇၈ မိနစ်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
တိုက်စစ်မှူး လူကာကူသည် ယခုပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်း ကြောင့် နိုင်ငံအသင်းတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး လက်ရှိတွင် ဘယ်လ်ဂျီယံအသင်းနှင့်အတူ နိုင်ငံ တကာပွဲစဉ် ၆၆ ပွဲကစားပေးခဲ့ရာတွင် သွင်းဂိုး ၃၃ ဂိုးအထိ စံချိန်တင် သွင်းယူနိုင်ခဲ့ပြီလည်းဖြစ်သည်။
ထို့ကြောင့် ဘယ်လ်ဂျီယံအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ် က တိုက်စစ်မှူး လူကာကူအား ချီးကျူးစကားဆိုခဲ့သည်။ နည်းပြ မာတီနက်ဇ်သည် ကမ္ဘာ့ဖလားမတိုင်မီ ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့ရသည့် ဆော်ဒီအာရေဗီးယားအသင်းနှင့် ပွဲစဉ်တွင် ဂိုးသမား ကော်တိုရစ်ဒဏ်ရာရရှိနေခြင်းကြောင့် မစ်ဂ်နိုလတ်ကို ထည့်သွင်း အသုံးပြုခဲ့ပြီး ကွန်ပနီနှင့် ဗာတွန်ဂန်တို့ကို တွဲဖက်အသုံးပြုသွားခဲ့ သည်။
ငွေကြယ်

No comments:

Post a Comment