Thursday, March 29, 2018

ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပြင်သစ်အသင်းတွင်ပါဝင်ခွင့်ရရှိရန် ပေါ့ဘာ မျှော်လင့်

Image may contain: 1 person, outdoor
ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာ သည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရုရှားအသင်းနှင့် ပြင်သစ်အသင်းတို့၏ ချစ်ကြည်ရေးခြေစမ်းပွဲစဉ် တွင် တစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ၂ဝ၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်း နှင့်အတူ ပါဝင်ခွင့်ရရှိရန် မျှော်လင့်လျက်ရှိ ကြောင်း သိရသည်။
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်သည် ကိုလံဘီယာအသင်းနှင့် ပွဲစဉ်တွင် သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ယခုပွဲစဉ်တွင် ကစားသမားခုနစ်ယောက်အထိ အပြောင်း အလဲလုပ်ခဲ့ပြီး ရုရှားအသင်းကို သုံးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပြင်သစ်အသင်းသည် ယင်းပွဲစဉ်တွင် ပွဲကစားချိန်မိနစ် ၄ဝ နှင့် ၈၃ မိနစ်တွင် မက်ပီ ကနှစ်ဂိုး၊ ပွဲကစားချိန် ၄၉ မိနစ်တွင် ပေါ့ဘာ ကတစ်ဂိုး အသီးသီးသွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ကွင်းလယ်ကစားသမား ပေါ့ဘာသည် မန်ယူအသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီးနောက် ပြင်သစ်အသင်းနှင့်အတူ ပထမဆုံးအကြိမ် ပြန်လည်ပွဲထွက်ကစားခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ယခုပွဲစဉ်တွင် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေး နိုင်ခဲ့သည်။
ကွင်းလယ်ကစားသမားပေါ့ဘာသည် မန်ယူအသင်းတွင် နည်းပြမော်ရင်ဟိုနှင့် အဆင်မပြေဖြစ်ခဲ့ခြင်းကြောင့် စိတ်ပျက်နေရ သူဖြစ်သော်လည်း ယခုရုရှားနှင့် ပွဲစဉ်တွင် ပြင်သစ်အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ ခြင်းကြောင့် နည်းပြဒက်ချမ့်၏ ကမ္ဘာ့ဖလား ပြိုင်ပွဲကစားသမားစာရင်းတွင် ပါဝင်ခွင့်ရရှိရန် နီးစပ်နေခဲ့ပြီဖြစ်သည်။
ပေါ့ဘာသည် မန်ယူအသင်းတွင် ဆက်ရှိ ရန်မသေချာတော့ကြောင်းနှင့် နွေရာသီ အပြောင်းအရွှေ့ကာလတွင် ထွက်ခွာမည်ဖြစ် ကြောင်း သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။
ငွေကြယ်

No comments:

Post a Comment