Thursday, March 29, 2018

စပိန်အသင်းအတွက်အစ္စကို ဟက်ထရစ်သွင်းယူ

Image may contain: 4 people, people playing sports and outdoor
ဥရောပ၏ နာမည်ကြီး စပိန်အသင်းနှင့် တောင်အမေရိက၏ ထိပ်တန်းစာရင်းဝင် အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွင် စပိန်အသင်း အတွက် ကွင်းလယ်ကစားသမား အစ္စကို ဟက်ထရစ်သွင်းယူပေးခဲ့ပြီး စပိန်အသင်းက အာဂျင်တီးနားအသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် စပိန်အသင်းသည် အဆန်စီယို၊ ကော်စတာ၊ အစ္စကို၊ ရာမို့စ်၊ အယ်လ် ကန်တာရာ၊ ဂျော်ဒီအယ်လ်ဘာ၊ အင်နီယေစတာ၊ ကိုကီး၊ ပီကေး၊ ကာဗာဂျယ်တို့ကို ထည့်သွင်းအသုံးပြုခဲ့ပြီး အာဂျင်တီးနားအသင်းကလည်း ဟီဂူအင်၊ မာရှေယာနို၊ အော့တမန်ဒီ၊ မားကို့စ်ရိုဂျို စသည့်ကစားသမားများကို အမာခံထားကာ ကစားခဲ့ခြင်းဖြစ်သည်။
စပိန်အသင်းနှင့် အာဂျင်တီးနားအသင်းတို့၏ ပွဲစဉ်တွင် စပိန်အသင်းအတွက် သွင်းဂိုး များကို ဒီယေဂိုကော်စတာ ၁၂ မိနစ်၊ အစ္စကို ၂၇ မိနစ်၊ ၅၂ မိနစ်၊ ၇၄ မိနစ်၊ အယ်လ်ကန် တာရာ ၅၅ မိနစ်နှင့် လာဂိုအက်စ်ပက် ၇၃ မိနစ် တို့က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး အာဂျင်တီးနား အသင်းအတွက် ချေပဂိုးတစ်ဂိုးကို အော့တမန်ဒီက ပွဲကစားချိန် ၃၉ မိနစ်တွင် သွင်းယူပေး ခဲ့ခြင်းဖြစ်သည်။
အာဂျင်တီးနားအသင်းသည် တိုက်စစ်မှူး မက်ဆီ ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင် ခဲ့သဖြင့် အသင်း၏ တိုက်စစ်ပိုင်းသည် အားနည်းမှုများရှိခဲ့ပြီး ၂ဝ၁၈ ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ ဆွစ်ဇာလန်အသင်း၊ တူနီးရှားအသင်းတို့နှင့် ခြေစမ်းပွဲကစားရဦးမည်ဖြစ်သည်။ အာဂျင်တီးနားအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုပွဲစဉ်အဖြစ် ဇွန် ၁၅ ရက်တွင် ယူရို ချန်ပီယံပေါ်တူဂီအသင်းနှင့် ကစားရမည်ဖြစ်သည်။
အာဂျင်တီးနားအသင်းသည် မက်ဆီ၏ ဟက်ထရစ်ဂိုးဖြင့် အီကွေဒေါအသင်းကို အနိုင်ရရှိ ကာ ကမ္ဘာ့ဖလားဝင်ခွင့်တစ်နေရာရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိအသင်း၏ အားနည်းချက်မှာ နောက် တန်းခံစစ်ကြောင်းဖြစ်သောကြောင့် နည်းပြ ဆမ်ပါအိုလီအနေဖြင့် ခံစစ်ပိုင်းကို ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ ပြင်ဆင်ရန်လည်း လိုအပ်လျက်ရှိသည်။
ငွေကြယ်

No comments:

Post a Comment