Sunday, March 4, 2018

ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ထိုင်းနိုင်ငံသို့ ရောက်ရှိ

Image may contain: 2 people, people on stage, people sitting and indoor
နေပြည်တော် မတ် ၃
ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး Anantaporn Kanjanarat ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိ နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မတ် ၂ ရက် နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး အာဆီယံနိုင်ငံများအတွင်း ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် တစ်စိတ်တစ်ဝမ်းတည်း တည်ရှိရေး၊ နှစ်နိုင်ငံ သဘောတူညီချက်များဖြင့် ဆောင်ရွက်လျက်ရှိသော လူသားလုံခြုံ ရေးနှင့် လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ သင်တန်းများ အား ဆက်လက်ပူးပေါင်းဖွင့်လှစ်ရေး၊ အာဆီယံဒေသတွင်း နိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်း များ၊ လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ကိစ္စရပ်များအား မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး၊ ထိုင်းနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ပြည်သူ အချင်းချင်း စောင့်ရှောက်မှုနည်းလမ်း အစီအစဉ်များ လက်တွေ့ကျင့်သုံးနေ မှုနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ စီးပွားရေး မဟာဗျူဟာများ ချမှတ် ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ အား ထည့်သွင်းစဉ်းစားထားခြင်း ကြောင့် ပုဂ္ဂလိကကဏ္ဍတွင် အလုပ် အကိုင် အခွင့်အလမ်း တိုးတက်လာမှု အခြေအနေ၊ လူကုန်ကူးခံရသူများ ပြန်လည်ထူထောင်ရေးနှင့် ရွှေ့ပြောင်း လုပ်သားကိစ္စရပ်များတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်း ညှိနှိုင်းခြင်းဖြင့် လုပ်ငန်းများ ပိုမို အောင်မြင်စွာ ဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အဆိုပါ ဝန်ကြီးဌာနရုံး တွင် ဖွင့်လှစ်ထားရှိသော လုပ်ငန်းစီမံ ခန့်ခွဲမှုဗဟိုဌာနတွင် အိုင်တီ နည်းပညာများ အသုံးပြု၍ လုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေနှင့် လူမှုရေးအထောက်အကူပြုဌာနတွင် ပြည်တွင်း၊ ပြည်ပရှိ ထိုင်းနိုင်ငံသားများ အနက် အရေးပေါ်လူမှုရေးဆိုင်ရာ အကူအညီလိုအပ်၍ တောင်းခံပါက တစ်နေရာတည်းတွင် ကူညီဆောင် ရွက်ပေးနိုင်ရေး အရေးပေါ်ဖုန်းလိုင်း ဖွင့်လှစ်ပြီး ဆောင်ရွက်နေမှု အခြေ အနေတို့အား လေ့လာကြည့်ရှုခဲ့သည်။ ဆက်လက်၍ ဝန်ကြီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများ၊ စောင့်ရှောက်ရေးဌာနများမှ ထုတ်လုပ် ထားသည့် အသုံးအဆောင်ပစ္စည်းများ အား လှည့်လည်ကြည့်ရှု အားပေးခဲ့ ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် Nonthaburi ခရိုင်ရှိ လူကုန်ကူးခံရ သူများ စောင့်ရှောက်ရေးစင်တာတွင် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ လူကုန်ကူးခံရသူများအား ကယ်တင် ခြင်း၊ စနစ်တကျ ကာကွယ်စောင့်ရှောက် ခြင်း၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်း ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေအား လေ့လာပြီးနောက် နိုင်ငံချင်း ဆက်လက်ပူးပေါင်းဆောင် ရွက်ရေးနှင့် ဖြေရှင်းရန်လိုအပ်သော အခက်အခဲများအား ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
မတ် ၃ ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့မှ ချင်းရိုင်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး ယင်း မြို့ကိုအခြေပြု၍ နယ်စပ်ဒေသများ တွင် စဉ်ဆက်မပြတ် သမ္မာအာဇီဝကျ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် မယ်ဖလောဝ်ဖောင်ဒေးရှင်း သို့ သွားရောက်လေ့လာခဲ့သည်။
ပြည်ထောင်စုဝန်ကြီးအား ဖောင်ဒေး ရှင်း တည်ထောင်သူနှင့် နာယက Mr. Khun Chaiနှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ပြီး ဖောင်ဒေး ရှင်း စတင်တည်ထောင်ခဲ့မှုနှင့် ရည်ရွယ်ချက်များ၊ ထိုင်းနိုင်ငံ တော်ဝင်မိသားစုနှင့် အစိုးရမှ ပံ့ပိုး ဆောင်ရွက်မှု၊ တောပြုန်းတီးမှုနှင့် ဘိန်းစိုက်ပျိုးမှုကြောင့် လူမှုစီးပွား အကျပ်အတည်းဖြစ်နေသည့် နယ်စပ် ဒေသတွင် နေထိုင်သည့် တိုင်းရင်းသား များအား ခံယူချက်ပြောင်းလဲရေးနှင့် လူထုမှစတင်သည့် ပြုပြင်ပြောင်းလဲ ရေး ဆောင်ရွက်ချက်များနှင့် တွေ့ကြုံ ရသည့်အခက်အခဲများ၊ နိုင်ငံတကာမှ လာရောက်လေ့လာသည့် အခြေ အနေများ၊ ချင်းရိုင်ဒေသအတွင်း လူ နှင့် ပတ်ဝန်းကျင် သဟဇာတဖြစ်ရေး ဦးတည်ပြီး ဘိန်းအစားထိုး အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ အားပေး ကူညီနိုင်ခဲ့မှုအခြေအနေ၊ မြန်မာနိုင်ငံ အစိုးရဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ပံ့ပိုးဆောင်ရွက် ခဲ့မှုအခြေအနေနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေ များအား ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အစိုးရသစ် လက်ထက် လူမှုကာကွယ်စောင့် ရှောက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများအား ဗဟိုပြု၍ ပြည်
သူနှင့်အတူ ဆောင်ရွက် နေမှုများ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု နှင့်အတူ ယှဉ်တွဲပြီး လူမှုစီးပွား တိုးတက်စေရေး အလေးထား အကောင်အထည်ဖော်မှုအခြေအနေ၊ ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်နေမှု နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီများ တိုးမြှင့်ထောက်ပံ့ပေးနေမှု အခြေအနေ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးနှင့် မတူကွဲပြား သည့် အခြေအနေ အရပ်ရပ်အား ညှိနှိုင်းဖြေရှင်းဆောင်ရွက်နေမှု အခြေ အနေတို့အား ပြန်လည်ဆွေးနွေးပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပွင့်ပွင့် လင်းလင်း သဘောထားဖလှယ် ဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်သူ့အတွက် အကောင်အထည်ဖော်နေသည့် လူမှု ကာကွယ်စောင့်ရှောက်ရေးအစီအစဉ် များ ပိုမိုတိုးတက်စေရေး ထိုင်းနိုင်ငံမှ ဆောင်ရွက်နေသည့် ပြည်သူ့ အခြေပြု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အစိုးရနှင့် လူတန်းစား အားလုံး ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အားသာချက်၊ အားနည်းချက်များ လေ့လာခြင်း၊ ထိုင်းနှင့် မြန်မာနယ်စပ် ရှိ ဒုက္ခသည်စခန်းများတွင် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဆောင်ရွက်ပေးနေမှု၊ မြန်မာနိုင်ငံသို့ မိမိဆန္ဒအလျောက် ပြန်လည်ပေါင်း စည်းမည့် တိုင်းရင်းသားများအတွက် ပြန်လည်ထူထောင်ရေးဆောင်ရွက် နိုင်မည့်အခြေအနေတို့အား ဆွေးနွေး သည်။
ဆက်လက်၍Doi Tung Projectအရ လက်တွေ့ဆောင်ရွက်နေပြီး အောင်မြင်နေသည့် လုပ်ငန်းများဖြစ် သည့် ကော်ဖီနှင့် မက်ကဒေပီးယား အဆင့်မှ ထုတ်ကုန်လုပ်ငန်း၊ ရိုးရာ ရက်ကန်း၊ မှိုင်းကိုင်စက္ကူလုပ်ငန်း၊ ကြွေထည်၊ မြေထည်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား လေ့လာခဲ့ သည်။
သတင်းစဉ်

No comments:

Post a Comment