Sunday, March 4, 2018

မအီမြို့၌ ဗုဒ္ဓပါဒစက်တော်ရာဘုရားပွဲ ခြိမ့်ခြိမ့်သဲကျင်းပ

Image may contain: one or more people, sky and outdoor
မအီ မတ် ၃
မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယမိန္ဒ ဦးဆောင်ကြီးမှူး၍ ဗုဒ္ဓ စက်တော်ရာ ဘုရားပွဲတော်ကို တပေါင်းလဆန်း ၁၃ ရက်မှ ၁၅ ရက်ထိ ရခိုင် ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ် မအီမြို့မှ ၁၃ မိုင်ခန့်အကွာ စက်တော်ရာတည်ရှိရာ၌ ကျင်းပခဲ့သည်။
ဂေါတမဗုဒ္ဓပါဒစက်တော်ရာတွင် လက်ယာပါဒ လက်ဝဲပါဒ နှစ်ဖက်စလုံး တည်ရှိနေပြီး ပွဲတော်ကို ယခင်နှစ်များက ရခိုင်ရိုးရာလွန်ဆွဲပွဲ၊ ချောတိုင်တက်ပွဲ တို့နှင့်သာ ကျင်းပနိုင်ခဲ့ရာ ယခုနှစ်၌ ရခိုင်ရိုးရာ ကျင်အားကစားပွဲတော်ကို ပထမအကြိမ်အဖြစ် ထည့်သွင်းယှဉ်ပြိုင်ကစားစေခဲ့သည်။ ယင်းကျင်ပွဲ၌ ရွှေမောင်းတန်း၊ ငွေမောင်းတန်း ဟူ၍ ခွဲခြားကစားစေခဲ့ပြီး ပထမဆုများကို ရွှေမောင်းတန်း ငါးသိန်း၊ ငွေမောင်းတန်း သုံးသိန်း သတ်မှတ်ထားပြီး ပြိုင်ပွဲမှ ဆုရရှိသူများကို ပွဲတော်နောက်ဆုံးနေ့ညတွင် ပွဲတော်၌ ကပြဖျော်ဖြေလျက်ရှိ သည့် ရတနာဦးကဇာတ်စင်မြင့်ပေါ်၌ အသီးသီးချီးမြှင့်ပေးခဲ့သည်။
ဘုရားရှင်ဗုဒ္ဓပါဒစက်တော်ရာ ဘုရားပွဲတော်တွင် မြန်မာပြည် ဒေသ အသီးသီးမှ အလှူရှင်များ၊ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားသိုက်မြိုက်လျက် ရှိရာ နောင်နှစ်များ၌ ခရီးလမ်းပန်းချောမွေ့စေခြင်း၊ စတုဒိသာ ထမင်းဟင်း ကျွေးမွေးခြင်း၊ အားကစား၌ လှေလှော်ပြိုင်ပွဲကိုပါ ထည့်သွင်းကစားစေခြင်း စသည့် ကိစ္စရပ်များကို ယခုနှစ်ထက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment