Saturday, March 3, 2018

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် 'နှလုံးသားထဲကပုဂံ' ဓာတ်ပုံပြပွဲ ကျင်းပ

Image may contain: one or more people
ပုဂံ မတ် ၂
မြန်မာ့အမွေအနှစ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ၂ဝ၁၉ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ကြိုဆိုသည့်အနေဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် လူနေမှုဘဝများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ၊ မေတ္တာမိုးပရဟိတအဖွဲ့နှင့် မြန်မာနိုင်ငံ ဓာတ်ပုံ ပညာရှင်များပူးပေါင်းကာ ''နှလုံးသားထဲကပုဂံ''ဓာတ်ပုံ ပြပွဲကို ပုဂံမြို့ မင်းနန်သူကျေးရွာ လေးမျက်နှာဘုရားအနီး တွင် မတ် ၂ ရက် မှ ၄ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ည ၇ နာရီအထိ ကျင်းပလျက်ရှိသည်။
ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဓာတ်ပုံ ပညာရှင်များ၊ သတင်းမီဒီယာများ၊ ဒေသခံလူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ဒေသခံများနှင့် မေတ္တာမိုး ပရဟိတအဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်စိန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင် အောင်ကျော်နှင့် မြန်မာနိုင်ငံဓာတ်ပုံပညာရှင် ဦးကြည်မိုး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
တက်ရောက်လာကြသည့် ဧည့်သည်တော်များက ပြပွဲအတွင်းလှည့်လည်ကြည့်ရှုကြပြီး ဓာတ်ပုံပြပွဲပထမနေ့ကို ဆက်လက်ပြသသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ကြီးကျယ် ခမ်းနားသော ရှေးဟောင်းအဆောက်အအုံများ၊ ထူးခြား သည့် ဗိသုကာပညာများ၊ အနုပညာလက်ရာများ၊ သဘာဝ ရှုမြင်ကွင်းများ၊ ရိုးရာပွဲတော်များ၊ ပုဂံဒေသအလေ့အထ များနှင့် လူနေမှုဘဝများကို မြန်မာနိုင်ငံတစ်ဝန်းသာမက ကမ္ဘာတစ်ဝန်းကပါ သိရှိစေရန်၊ မိမိတို့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်မြတ်နိုးတန်ဖိုးထားစိတ်၊ ရှေးဘိုးဘွားများ၏ အဖိုးမဖြတ်နိုင်သည့် လက်ဆောင် အပေါ် ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များ ပိုမိုဖြစ်ထွန်း လာစေရန်၊ အမွေအနှစ်ကာကွယ်ထိန်းသိမ်းမှုတွင် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်သည်ဟူသော ရည်ရွယ်ချက်ကိုလည်း အကောင်အထည်ဖော်ဆောင်ရန် ရည်ရွယ်ချက်များဖြင့် ''နှလုံးသားထဲကပုဂံ'' ဓာတ်ပုံပြပွဲကို ကျင်းပကြောင်း သိရသည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး အကြိုလှုပ်ရှားမှု ''နှလုံးသားထဲကပုဂံ'' ဓာတ်ပုံပြပွဲသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လေ့လာကြည့်ရှုနိုင်ရေး ကြော်ငြာဗီနိုင်းများကို စိုက်ထူဆောင်ရွက်ခြင်းနှင့် ဓာတ်ပုံပြပွဲတွင် ပြသသည့် မြန်မာနိုင်ငံဓာတ်ပုံပညာရှင် ၁ဝဝ ၏ ဓာတ်ပုံ ၂ဝဝ အတွက် ဓာတ်ပုံထုတ်ခြင်း၊ မှန်ပေါင်များနှင့် ဆက်စပ် ပစ္စည်းများအတွက် ကုန်ကျစရိတ်ကျခံခြင်းများကို XENON Myanmar Ink Ject Printingကုမ္ပဏီက မေတ္တာဖြင့် ပါဝင်ကူညီခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment