Saturday, March 3, 2018

မုံရွာဝန်းကျင် ထင်ရှားကျော်ကြားသော စေတီပုထိုးများတွင် ဘုရားဖူးများ ဖြင့် အထူးစည်ကား

Image may contain: 1 person, crowd and outdoor
မုံရွာ မတ် ၂
မုံရွာမြို့ဝန်းကျင်ရှိ ဗောဓိတထောင် မိုးညှင်း
သမ္ဗုဒ္ဓေ၊ ရွှေတောင်ဦး ဖိုဝင်တောင် သာစည်
မဟာစေတီလှဘုရားများနှင့်အတူ စိန်ဖူး
တော်တင်လှူပွဲ ကျင်းပချိန်နှင့် တိုက်ဆိုင်
နေသော ကျောက်ကာရွှေဂူနီဘုရားသို့
သွားရောက်ဖူးမြော် လည်ပတ်သူ များပြား လျက်ရှိသည်ကို တွေ့ရသည်။
မုံရွာမြို့ဝန်းကျင်တွင် ထင်ရှားသော
ဘုရားစေတီများတွင် လူစည်ကားများပြား
သလို မုံရွာမြို့တောင်ဘက်ရှိ စာရေးဆရာ ကိုတာ၏ ရွာမုံရွေးကျေးရွာ၏ နှစ်စဉ် တပေါင်းလပြည့်ရောက်တိုင်း ကျင်းပသည့်
မုံရွေးနတ်ပွဲသို့ အသွားများသလို ချင်းတွင်း
မြစ်အနောက်ဘက် ယင်းမာပင်ဒေသမှ
တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် အမေကြီး
ပွဲမှာလည်း စတင်နေပြီဖြစ်သောကြောင့်
သွားရောက်သူများပြားကြောင်း သိရ
သည်။
''အရင်ဥပုသ်နေ့တွေထက် ပိုစည်ပါ
တယ်၊ စနေနဲ့ဥပုသ်ထပ်ရင်လည်း စည်တော့
စည်တယ်၊ အခုတပေါင်းလပြည့်က ပိုစည်
တယ်၊ နေ့လယ်ပိုင်းဆို တိုးလို့တောင်
ပေါက်မှာမဟုတ်ဘူး'' ဟု ကျောက်ကာ
ရွှေဂူနီ ဈေးတန်းမှ ငှက်ပျောခြောက်နှင့်
ယိုမျိုးစုံရောင်းသူ မအိအိထွန်းက ပြော
သည်။
စနေနှင့် ဥပုသ်ဆိုလျှင် ဘုရားဖူးများ
ကြိတ်ကြိတ်တိုးစည်သော ကျောက်ကာ ရွှေဂူနီ၏ တပေါင်းလပြည့်စည်ကားမှု အခြေအနေကို ဥပုသ်တိုင်း ဘုရားဖူးလာသူ
ဘုဘရွာမှ မနှင်းလှိုင်နှင့် ဘုရားရင်ပြင်
တွင်တွေ့စဉ် မေးကြည့်ရာ ''ကဆုန်လမှာ
လုပ်တဲ့ ရွှေဂူနီဘုရားပွဲက ရက်ရှည်စည် တယ်၊ အခုတပေါင်းလပြည့်ပွဲက စိန်ဖူး တော်တင်ပွဲနဲ့ တိုက်ဆိုင်နေလို့ စည်တာ
ကလည်းတိုးမပေါက်ပါဘူး''ဟု မုံရွာမြို့နယ်
ဘုဘရွာမှ ဘုရားဖူးလာသူ မနှင်းလှိုင်က ပြောသည်။
သံတိုင်ထွန်း

No comments:

Post a Comment