Saturday, March 3, 2018

အများပြည်သူရုံးပိတ်ရက်တွင် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်မှုများပြား

Image may contain: one or more people and outdoor
မြောက်ဦး မတ် ၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်း
သမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီတော်များ
နှင့် ရှေးဟောင်းအနုပညာဗိသုကာလက်ရာ
များ၊ ရှေးခေတ်အသုံးအဆောင်ပစ္စည်း
များ၊ ကျောက်စာများ၊ ကြွေထည်လက်မှု
ပစ္စည်းများ၊ ရှေးဟောင်းငွေဒင်္ဂါးပြားများ၊
ခေတ်လေးခေတ်၌ သွန်းလုပ်ခဲ့သော ဗုဒ္ဓ
ဆင်းတုတော်အား အများပြည်သူရုံးပိတ် ရက်များ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး
ခရီးသွားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ လည်
ပတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘုရားဖူးခရီးသွားဧည့်သည်များ သည် မြောက်ဦးမြို့ရှိ မာရ်ငါးပါးဖြစ်သော ရတနာ့မာရ်အောင်၊ သက္ကျမာရ်အောင်၊
ဇိနမာရ်အောင်၊ မင်္ဂလမာရ်အောင်၊ လောက
မာရ်အောင်ဘုရားများကို သွားရောက်ဖူး မြော်ကြသည်။ ဆက်လက်၍ လက်ဆည်
ကန်၊ အနုမကန်၊ နန်းတော်ရာကုန်းနှင့် ရှေး
ဟောင်းသုတေသနပြတိုက်သို့ သွားရောက်
လေ့လာကြပြီး သျှစ်သောင်းပုထိုးတော်ကြီး လိုဏ်ပတ်အတွင်းရှိ ၅၅ဝ ဇာတ်နိပါတ်တော်
များ၊ ထုက္ကန်သိမ်ပုထိုးတော်ကြီး လိုဏ်ပတ်
အတွင်းရှိ ရှေးခေတ်ဆံထုံးတော်ဆင်ယင်
ထုံးဖွဲ့ပုံအဆင့်ဆင့်အား ကျောက်ဆစ်
လက်ရာများဖြင့် ထုဆစ်ထားသည့် နံရံထွင်း
ကျောက်ထွင်းရုပ်လုံးရုပ်ကြွများကို လေ့လာ
ကြည့်ရှုကြသည်။ ထို့နောက် ဘုရားဖူးလာ ရောက်သော ဦးအောင်ထွန်းက ယခုလို
ရှေးဟောင်း အနုပညာလက်ရာများနှင့် ယဉ်ကျေးမှုအမွေအနှစ် လက်ရာများကို
လာရောက်လေ့လာခွင့် ရသည့်အတွက်
များစွာဝမ်းမြောက်မိပါကြောင်း ပြောကြား
သည်။
ထို့နောက် မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရား
ဖူးဧည့်သည်များသည် နှစ်စဉ်နှစ်တိုင်း
အများပြည်သူ ရုံးပိတ်ရက်များတွင် မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေ
အနှစ်များ၊ အထင်ကရနေရာများအား လာရောက်လေ့လာ ဖူးမြော်နိုင်ရန်အတွက်
မော်တော်ယာဉ်၊ ရေယာဉ်များဖြင့်
လာရောက်လျက်ရှိကြောင်း သိရသည်။
မြောက်ဦး ခရိုင်ပြန်/ဆက်

No comments:

Post a Comment