Saturday, March 3, 2018

ဆံတော်ရှင် ဘုရားရှိရာ ဇွဲကပင်တောင်ခြေရှိ လုမ္ဗိနီဥယျာဉ် တပေါင်းပွဲတော်နှင့် ဇွဲကပင်တောင် တက်ရောက်သူများပြား

Image may contain: 1 person, riding a bicycle, tree, plant, bicycle, outdoor and nature
ဘားအံ မတ် ၂
ကရင်ပြည်နယ်၏အထင်ကရ ဘားအံမြို့
တွင်ရှိသော ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ရှင်
အစစ်ကိန်းဝပ် စံပယ်တော်မူသော စေတီ
တည်ရှိရာ ဇွဲကပင်တောင်အား အစွဲပြု၍
ဇွဲကပင်တောင်ခြေရှိ လုမ္ဗိနီဥယျာဉ်တော်
တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တပေါင်း
လပြည့်တပေါင်းပွဲတော်ကို စည်ကားသိုက်
မြိုက်စွာကျင်းပလျက်ရှိပြီး ဇွဲကပင်တာပေါ်
သို့ ပွဲတော်ကာလ တက်ရောက်သူများပြား
လျက်ရှိကြောင်း သိရသည်။
ဇွဲကပင်တောင် ဆံတော်ရှင် စေတီတော်
သည် ကျိုက်ထီးရိုးစေတီ၊ ဇင်းကျိုက်တောင်
စေတီနှင့် မုလအိစေတီတော်များနှင့် ဆက်
စပ်လျက်ရှိနေပြီး မဟာသက္ကရာဇ် ၁၁၃
ခုနှစ်တွင် ရသေ့ညီနောင်နှစ်ပါးက မြတ်စွာ
ဘုရားထံတော်မှ ရရှိခဲ့သော ဆံတော်
ခြောက်ဆူအနက် ဇွဲကပင်တောင်စေတီ
တွင် တစ်ဆူ၊ ကျိုက်ထီးရိုးစေတီတော်တွင် သုံးဆူ၊ ဇင်းကျိုက်တောင်စေတီတွင် တစ်ဆူ၊
ကေလာသတောင်စေတီတွင်တစ်ဆူ ဌာပနာ
ပြု ပူဇော်ခဲ့သည်ဟု သိရသည်။ ဇွဲကပင်
တောင်သည် ပင်လယ်ရေမျက်နှာပြင်
အထက် ၂၇၃၄ ပေမြင့်ပြီး ဘားအံမြို့၏ တောင်ဘက် ခုနစ်မိုင်အကွာ တောင်နှင့်
မြောက် မိုင် ၂ဝ ခန့်မျှ သွယ်တန်း ရှည်လျား
လျက်ရှိပြီး တောင်ခြေမှ တောင်ပေါ်ထိ ပုံမှန်
နှုန်းဖြင့် ခြေကျင်တက်ရောက်ပါက နှစ်နာရီ
ကြာမျှ တက်ရကြောင်း သိရသည်။
ဇွဲကပင်တောင်ဆရာတော် ဦးကဝိဇေ (ဓမ္မကထိက၊ ဗဟုဇနဟိတဓရ) အရှင် သူမြတ် ဦးဆောင်ကာ ဇွဲကပင်တောင်တော်
ကို သာသနာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်
လျက်ရှိသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ဆံတော်
ရှင်အစစ် ကိန်းဝပ်စံပယ်တော်မူသော စေတီ
တည်ရှိရာ ဇွဲကပင်တောင်ခြေရှိ လုမ္ဗိနီ
ဥယျာဉ်တော်တွင် နှစ်စဉ် တပေါင်းလပြည့်
ရောက်တိုင်း တပေါင်းပွဲတော်ကို စည်ကား
သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ တပေါင်း
ပွဲတော်ကာလရောက်တိုင်း အနယ်နယ် အရပ်ရပ်သို့ ရောက်ရှိနေသော ဒေသခံ
တိုင်းရင်းသားများ ပြန်လည်ရောက်ရှိလာ ကြပြီး ဆွေမျိုးသားချင်းများနှင့်အတူ တပေါင်းပွဲတော်အား ဆင်နွှဲခြင်းနှင့် ဇွဲကပင်
တောင်တော်ပေါ်သို့ တက်ရောက်လေ့ရှိကြ
သည်။ တပေါင်းပွဲတော်တွင် တပေါင်း
လပြည့်မတိုင်မီ ဖေဖော်ဝါရီ ၂၇ ရက်မှ
စတင်ကာ အထူးတရားပွဲများဖြင့် စတင်ခဲ့
ပြီး ကရင်၊ ဗမာ၊ မွန်ဇာတ်ပွဲများ ထည့်သွင်း
ခြင်း၊ ပျော်ပွဲရွှင်ပွဲများနှင့် ဈေးရောင်းပွဲများ
ဖြင့် လုမ္ဗိနီဥယျာဉ်တော်အတွင်း စည်ကား လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဇွဲကပင်တောင်ပေါ်သို့ ပြည်
တွင်း၊ ပြည်ပခရီးသွားဧည့်သည်နှင့် အနယ်
နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ပြည်သူများ
ဘုရားဖူးရန် နေ့စဉ်တက်ကြသူများ ရှိသော်
လည်း ယခုကဲ့သို့ နှစ်စဉ်တပေါင်းလပြည့် နေ့ တပေါင်းပွဲတော်ရက်များတွင် နံနက် ပိုင်းမှစတင်ကာ ညပိုင်းတစ်ညလုံး တက်
ရောက်ကြသူများ ပိုမိုများပြားလျက်ရှိသည်။
ဇွဲကပင်တောင် ဆရာတော်ကြီးသည် ဇွဲကပင်တောင်ခြေတွင် လုမ္ဗိနီဥယျာဉ်တော် မှ မြင့်မားမတ်စောက်သော ဇွဲကပင်တောင်
ပေါ်သို့ ခုနစ်ရက်သားသမီးများ စေတီတော်
အား ပင်ပန်းဆင်းရဲမှုကင်းစွာ တက်ရောက်
ဖူးမြော်နိုင်ရန်အတွက် Cable Car စီမံကိန်း
ကိုလည်း စီစဉ်ဆောင်ရွက်နေလျက်ရှိရာ ၅ဝ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်းနှင့်
Cable Car စီမံကိန်းပြီးစီးသွားပါက ဇွဲကပင် ဆံတော်ရှင်စေတီတော်မြတ်ကြီးကို လာ
ရောက် ဖူးမြော်ကြသူများသည် ပင်ပန်း
ဆင်းရဲမှုမရှိဘဲ Cable Car စီးပြီး အမြင့်
မှ ဒေသရှုခင်းများကို ကြည့်ရှုခံစားကာ ဇွဲကပင်ဆံတော်ရှင် စေတီတော်မြတ်ကြီးကို ဖူးမြော်နိုင်မည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ဘားအံ)

No comments:

Post a Comment