Thursday, March 29, 2018

ဇလုံတောင်ဘုရားဖူးများ အလွယ်တကူသွားလာနိုင်ရေး အဆင်းလမ်းထပ်မံဖောက်လုပ်

Image may contain: one or more people and outdoor
ဗန်းမောက် မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်
မြို့နယ်အတွင်းရှိ အထင်ကရနေရာ
တစ်ခုဖြစ်သော ဇလုံတောင်ပေါ်သို့ တက်ရောက်ဖူးမြော်ကြသည့် ဘုရားဖူး
ပြည်သူများ အတက်အဆင်း အဆင်ပြေ
စေရန်အတွက် အခိုင်အမာလူသွား
အဆင်းလမ်းတစ်ခု ထပ်မံဖောက်လုပ်
ပေးလျက်ရှိကြောင်း တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း
ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး
ဦးစီးမှူး ဦးအောင်သူဦး၏ ပြောကြား
ချက်အရ သိရသည်။
''ဇလုံတောင်မှာ ပြီးခဲ့တဲ့ ရုံးပိတ်ရက်
လေးရက်က ဘုရားဖူးတွေ မထင်မှတ် လောက်အောင် များပြားတာကို တွေ့
ရတယ်၊ တောင်အလယ် ရင်ပြင်တော်က
နေ တောင်တော်ပေါ်တက်ဖို့ အတော့
ကို အခက်အခဲဖြစ်ကြတယ်၊ အခုလက်ရှိ
မှာ တောင်တော်ပေါ်က လူသွားလမ်း
ကျဉ်းကျဉ်းလေးကနေ အတက်၊ အဆင်း
လုပ်နေရတယ်။ တောင်တော်ပေါ်မှာ
လည်း လူ ၃ဝ၊ ၄ဝ လောက်ပဲဆံ့တာ၊
အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့
လမ်းကျဉ်းလေးတစ်ခုတည်း ဖြစ်နေတဲ့
အတွက် အခုလက်ရှိ အသုံးပြုနေတဲ့လမ်း
ကို အတက်လမ်းအဖြစ်နဲ့ထားပြီးတော့ နောက်တစ်ဖက်မှာ အဆင်းလမ်းတစ်ခု
ကို ခိုင်ခိုင်မာမာနဲ့ စတီးလက်ရန်းနဲ့
လုပ်မယ်၊ ကားရပ်နားစခန်းကနေ တောင်
တော်ပေါ်ကို ခြေကျင်သွားရာ လမ်းတွေ
လည်း ပညာရှင်တွေနဲ့ တိုင်ပင်ပြီး
တော့ လုပ်နေပါပြီ'' ဟု တိုင်းဒေသကြီး
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီအတွင်းရေးမှူး တိုင်း
ဒေသကြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း
ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး
ဦးစီးမှူး ဦးအောင်သူဦးက ပြောသည်။
ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံ
တောင်သို့ ခရီးသွားဝင်ရောက်မှုသည် ယခုနှစ်ဘုရားဖူးရာသီတွင် ယခင်နှစ်
ထက် ထက်ဝက်ခန့် မြင့်တက်လာသဖြင့်
ဇလုံတောင်တော်သို့ တက်ရောက်ကြ သည့် ခရီးသွားပြည်သူများ အလွန်များ
ပြားလာသဖြင့် လက်ရှိအသုံးပြုလျက်ရှိ သော လူသွားလမ်းအပြင် အဆင်းလမ်း
တစ်ခုကို ထပ်မံတည်ဆောက်ပေးခြင်း ဖြစ်ကြောင်းနှင့် အဆိုပါလူသွားအဆင်း လမ်းအား မတ်လဒုတိယပတ်အတွင်း စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရ
သည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment