Saturday, March 3, 2018

အက်ဖရင်ဒေသ၌ ဖြစ်ပွားသည့် တိုက်ခိုက်မှုများအတွင်းတူရကီစစ်သည် ရှစ်ဦးသေ၊ ၁၃ ဦး ဒဏ်ရာရ


Image may contain: one or more people=================

အန်ကာရာ မတ် ၂
ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းရှိ အက်ဖရင်ဒေသ တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း တူရကီစစ် သည် ရှစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း တူရကီ စစ်ဦးစီးချုပ်ရုံးမှ မတ် ၁ ရက်တွင် ပြောကြားသည်။
ဆီးရီးယားနိုင်ငံ အက်ဖရင်ဒေသတွင် တူရကီ စစ်ဘက်မှ ပြုလုပ်ခဲ့သည့် သံလွင်ကိုင်း အမည်ရှိသည့် စစ်ဆင်ရေး စတင်ချိန်မှစ၍ တူရကီစစ်သည် ၄ဝ ထက် မနည်း သေဆုံးခဲ့ကြောင်း စစ်ဘက်မှ သီးခြားစီထုတ်ပြန် သော ကြေညာချက်နှစ်ခုအရ သိရသည်။
ယနေ့မွန်းလွဲပိုင်းတွင် အက်ဖရင်ဒေသ၌ မကြာသေး မီမှ ဖြန့်ကြက်ထားသော တူရကီ အထူးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဝိုင်ပီဂျီ)စစ်သွေးကြွများအကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒိုဂန်သတင်း ဌာနက ဖော်ပြသည်။ ဒဏ်ရာရစစ်သည်များအား ဘေး လွတ်ရာသို့ သယ်ယူရွှေ့ပြောင်းနိုင်ရေးအတွက် တိုက်ပွဲ များဖြစ်ပွားရာဒေသသို့ တူရကီစစ်ဘက်မှ အမြောက်များ ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒိုဂန်သတင်းတွင် ဖော်ပြသည်။
တူရကီစစ်ဘက်သည် ယခုနှစ် ဇန်နဝါရီ ၂ဝ ရက် တွင် သံလွင်ကိုင်း စစ်ဆင်ရေးဟု အမည်ပေးထားသည့် စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲခဲ့သည်။ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အက်ဖရင်ဒေသတွင်းမှ ဝိုင်ပီဂျီ စစ်သွေးကြွများအား ရှင်းလင်းပစ်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါစစ်ဆင်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။ ဝိုင်ပီဂျီ စစ်သွေးကြွများသည် ဆီးရီးယားနိုင်ငံတွင်းရှိ ကာ့ဒ်အလုပ် သမားပါတီ (ပီကေကေ)၏ အဖွဲ့ဝင်ဖြစ်သည်ဟု တူရကီ က ယုံကြည်ထားသည်။ ကာ့ဒ်အလုပ်သမားပါတီ (ပီကေကေ)အား တူရကီ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထား သည်။
ဆင်ဟွာ

No comments:

Post a Comment