Friday, March 2, 2018

မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

Image may contain: 3 people, people sitting and indoor
ဘီးလင်း မတ် ၁
မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သထုံခရိုင် ဘီးလင်း မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ပတ်သက်သည့် သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံး၌ ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် ဘီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းထောစံက စီမံကိန်းအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ကျေးရွာကော်မတီဝင်များ စီမံကိန်း နှင့်ပတ်သက်၍ တွေ့ကြုံရသော အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးခဲ့ကြပြီး အကောင်းဆုံးစံပြကျေးရွာများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment