Friday, March 2, 2018

အမေရိကန်ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီယာအယ်လ်ဇောတွင် အရပ်သား ၂၄ ဦး သေဆုံး

Image may contain: 1 person
ဒမတ်စကတ် မတ် ၁
ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ဒီယာအယ်လ်ဇောပြည်နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားအစိုးရပိုင် ဆာနားသတင်းဌာနက သတင်းထုတ်ပြန်သည်။
ဒီယာအယ်လ်ဇောပြည်နယ်၏ ကျေးလက်ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူများစုဝေးနေထိုင်သည့် ဇာဟက် အယ်လ်အဲလ်ဝါနီဒေသအား ပစ်မှတ်ထားကာ လေကြောင်း မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆာနားသတင်းတွင် ဖော်ပြ သည်။
လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုကြောင့် ပြည်သူ အချို့ ထိခိုက်ဒဏ်ရာရခဲ့ကာ အချို့မှာ ဒဏ်ရာပြင်းထန်ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။
အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်တွင် ဒီဟာအယ်လ်ဇောတွင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၉ ဦး သေဆုံးပြီး ယခင်ရက်သတ္တပတ်အတွင်းက အလားတူ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦး သေဆုံးခဲ့ရသည်ဟု ဆာနားသတင်းတွင် ဖော်ပြသည်။
ဆင်ဟွာ

No comments:

Post a Comment