Friday, March 30, 2018

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ရှင်းလင်းဆွေးနွေး

Image may contain: indoor
နေပြည်တော် မတ် ၂၉
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ(၅/၂ဝ၁၈) အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြန်လည် ရှင်းလင်းဆွေးနွေးသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်း များ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း ပြီး မူဝါဒအပိုင်း၊ စီမံခန့်ခွဲမှုအပိုင်းနှင့် စာရင်းစစ်ချုပ်ရုံး အပိုင်းဟူ၍ အပိုင်းသုံးပိုင်း တွေ့ရှိရပါကြောင်း၊ မူဝါဒ အပိုင်းနှင့် စီမံခန့်ခွဲမှုအပိုင်းများကို သက်ဆိုင်ရာ အစီ အစဉ်နှင့် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ စာရင်းစစ်ချုပ်ရုံး အပိုင်းနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ ဆွေးနွေးချက်ကို ပြန်လည်ရှင်းလင်း ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း။
ပထမဆုံး လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို ဆွေးနွေးသည့် တိုင်းဒေသကြီး/ ပြည်နယ်များသို့ လွှဲပို့ငွေထဲတွင် မသုံးစွဲသဖြင့် ပိုလျှံငွေ များကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလအထိ ပေးသွင်းရန် ကျန်ငွေကျပ် ဝ ဒသမ ဝ၈၂ သန်းအနက် ငွေကျပ် ဝ ဒသမ ဝဝ၁ သန်းကို ပေးသွင်းခဲ့ပြီး ကျန်ငွေကျပ် ဝ ဒသမ ဝ၈၁ သန်းကို မပေးသွင်းခဲ့ပါကြောင်း၊ ¤င်းတို့မှာ ကသာမြို့နယ်မှ ငွေကျပ် ဝ ဒသမ ဝ၁၆ သန်း၊ ကံမမြို့နယ်မှ ငွေကျပ် ဝ ဒသမ ဝဝ၁ သန်း၊ ကျိုက်မရောမြို့နယ်မှ ငွေကျပ် ဝ ဒသမ ဝ၁ဝ သန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ငွေကျပ် ဝ ဒသမ ဝ၅ဝ သန်း၊ ဆိပ်ကမ်းမြို့နယ်မှ ဝ ဒသမ ဝဝ၁ သန်းနှင့် ခရမ်းမြို့နယ်မှ ငွေကျပ် ဝ ဒသမ ဝဝ၃ သန်း စုစုပေါင်းငွေကျပ် ဝ ဒသမ ဝ၈၁ သန်းဖြစ်ပြီး အဆိုပါ ငွေများကို ၂ဝ၁၈ ခုနှစ် မတ်လ ၁၄ ရက်အထိ ငွေတိုက် ဦးစီးဌာနမှ ပေးပို့သည့် စာရင်းများအရ လွှဲပြောင်းပေးသွင်း မှု မရှိသေးပါကြောင်း။
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် မူလတန်း ကြိုကျောင်းအား မူလအဆိုပြုချက်အတိုင်း မဆောက် လုပ်သဖြင့် ပြန်လည်ပေးသွင်းရမည့် ငွေကျပ်သန်း ၄ ဒသမ ၉ဝ ကို ငွေတိုက်ဦးစီးဌာနသို့ ၂ဝ၁၈ ခုနှစ် မတ်လ ၂၃ ရက်တွင် ပြန်လည်ပေးသွင်းပြီးဖြစ်ကြောင်း ကချင် ပြည်နယ် လွှတ်တော်ရုံးမှ ပြည်ထောင်စုလွှတ်တော်ရုံးသို့ တင်ပြထားပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် အဒွန်း ကျေးရွာ စာသင်ကျောင်းရှေ့ ကမ်းပြိုနေရာတွင် ကမ်းပါးထိန်း နံရံပြုလုပ်ခြင်းမှ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများ ကို ၂ဝ၁၈ ခုနှစ် မတ်လ ၁၃ ရက်တွင် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း တွံတေးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင် အထည်ဖော်ရေးအဖွဲ့မှ ပြည်ထောင်စုလွှတ်တော်ရုံးသို့ တင်ပြထားပါကြောင်း။
ပုဏ္ဏားကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က မြို့နယ်စာရင်းစစ်အဖွဲ့များမှ စာရင်း နှင့် မြေပြင်လုပ်ငန်းဆောင်ရွက်မှု ရှိ၊ မရှိ စစ်ဆေးသည့် လုပ်ငန်းအားလုံးကို နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ သွားရောက်စစ်ဆေးပေးရန် အဆင့်ဆင့်ညွှန်ကြားပေးသင့် သည်ဟု ဆွေးနွေးထားပါကြောင်း။
ဝေးသည့်ဒေသ၊ နယ်မြေလုံခြုံမှုမရှိသောဒေသများ ကို ဓာတ်ပုံအထောက်အထားများနှင့်သာ စစ်ဆေးနေ ကြရပြီး မြေပြင်မစစ်ဆေးနိုင်ပါကြောင်း၊ သို့ရာတွင် မြေပြင်စစ်ဆေးမှုကို လွှတ်တော်ကိုယ်စားလှယ် တင်ပြ ဆွေးနွေးသကဲ့သို့ နယ်မြေလုံခြုံမှုမရှိသော ဒေသများမှအပ လုပ်ငန်းများကို သွားရောက်စစ်ဆေးရန် ဒေသစာရင်းစစ်ရုံး များသို့ ညွှန်ကြားသွားမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ ဖွံ့ဖြိုးရေးရန်ပုံငွေကို ထိရောက်အကျိုး ရှိစွာ အသုံးပြုရေးနှင့် ချမှတ်ထားသော မူဝါဒ၊ ရည်မှန်း ချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို ကူညီထိန်းကျောင်းပေးသွားမည်ဖြစ် ပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီမှ အတွင်းရေးမှူး ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်က အစီရင် ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ရာတွင် ကိုယ်စားလှယ်အများစုသည် မိမိတို့မဲဆန္ဒ နယ်မြေများတွင် ပြည်သူလူထု အမှန်တကယ် လိုအပ်သည့် လုပ်ငန်းများကို အကျိုးရှိစွာ ဆောင်ရွက်နိုင်ပါကြောင်း၊ ပြည်သူများ၏ ယုံကြည်မှုကိုလည်း ရရှိခဲ့သည့်အတွက် ခွင့်ပြုရန်ပုံငွေအပါအဝင် ပြည်သူထည့်ဝင်ငွေဖြင့် လုပ်ငန်း ကြီးများကို လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့သည်ကို သိရှိရသည့် အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါကြောင်း။
ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များ၊ အကြံပြုချက်များကို အနှစ်ချုပ်ကြည့်သည့်အခါ နယ်မြေ ဒေသအကျယ်အဝန်း၊ ဖွံ့ဖြိုးမှု အနည်း/အများအပေါ် မူတည်ပြီး ဖွံ့ဖြိုးရေးရန်ပုံငွေကို လိုအပ်သည့်ဒေသများတွင် ပိုမိုခွဲဝေသုံးစွဲရေး၊ မြေပြင်ပကတိအခြေအနေများ၊ ဆောင် ရွက်မှု အတွေ့အကြုံများအပေါ် အခြေခံ၍ လုပ်ငန်းတစ်ခု လျှင် ငွေကျပ်သိန်း ၅ဝ ထက် မပိုစေရဆိုသည့်အချက်ကို သင့်လျော်သည့် ပမာဏသတ်မှတ်ပြီး ပိုမိုခွင့်ပြုနိုင်ရေး၊ ဆောင်ရွက်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့ရေးအတွက် အစီအမံများချမှတ်ရေး၊ အစီရင်ခံစာ အပိုဒ် ၁၅(ခ)၊ အပိုဒ်၁၆(က)ရှိ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများအသုံးအနှုန်းအစား လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများဟု ပြောင်းလဲပြီး ပြည်ထောင်စုနယ်မြေရှိ မြို့နယ်များအတွက် ပြည်ထောင်စုလွှတ်တော်ရုံး၏ ဘတ်ဂျက်မှလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ ရှိ မြို့နယ်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ရုံးများ၏ ဘတ်ဂျက်မှလည်းကောင်း၊ ထောက်ပံ့ငွေ အသုံးစရိတ်အဖြစ် လျာထားဆောင်ရွက်ရေး ကိစ္စရပ်ကို တည်ဆဲဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးသွား သည်ကိုလည်း တွေ့ရှိရပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီအနေဖြင့် တည်ဆဲဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆက်လက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကို တစ်မြို့နယ်လျှင် ငွေကျပ်သိန်း ၁ဝဝဝ စီ အညီအမျှ ခွဲဝေ ပေးမည့်အစား လိုအပ်သည့် မြို့နယ်၊ မဖွံ့ဖြိုးသည့် မြို့နယ် များတွင် ပိုမိုခွဲဝေပေးနိုင်ရန် ဗဟိုကော်မတီအနေဖြင့် ပြန်လည်သုံးသပ်၍ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
လက်ရှိ ဆောင်ရွက်နေသည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ ရေးနှစ်တွင် လုပ်ငန်းများဆောင်ရွက်သည့်အခါ ခွင့်ပြု မိန့်ပါ လုပ်ငန်းများအတိုင်း မြေပြင်တွင် ဆောင်ရွက်ကြရန် နှင့် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ လက်ရှိအချိန်အထိ လုပ်ငန်းပြီးစီး ကြောင်း တင်ပြလာသည့် မြို့နယ် ၁၈ မြို့နယ်အနက် မြို့နယ်တစ်ခုမှ လုပ်ငန်းပြောင်းခွင့်ပြုမိန့် တင်ပြခြင်းမရှိဘဲ မြေပြင်တွင် လုပ်ငန်းပြောင်းလဲဆောင်ရွက်ထားသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီခြင်းမရှိသည့်အတွက် သက်ဆိုင် ရာ မြို့နယ် လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ အနေဖြင့် အမြန်ဆုံးပြန်လည်တင်ပြပြီး ပြင်ဆင်ဆောင်ရွက် ထားရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့ သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ်ချက် အစီရင်ခံစာ(၅/၂ဝ၁၈) ကို လွှတ်တော်မှ သဘောတူလက်ခံရန် အဆိုကို ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီအဖွဲ့ဝင် မကွေးတိုင်းဒေသကြီး ချောက်မဲဆန္ဒနယ် မှ ဦးဘိုကြီးက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ပြည်ထောင်စု လွှတ်တော် နာယက က ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို မတ် ၃ဝ ရက်တွင် ကျင်းပသွားရန်လျာထားကြောင်း သိရသည်။
သူရဇော်(သတင်းစဉ်)

No comments:

Post a Comment