Thursday, March 29, 2018

လက်ထပ်လိုက်ပြီဖြစ်တဲ့ ဂျိုဟွန်ဂျေး

Image may contain: 1 person, smiling
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသား တစ်ဦးဖြစ်တဲ့ ဂျိုဟွန်ဂျေးဟာ လက်ထပ် လိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၄ ရက်က လက်ထပ်ပွဲဆင်နွှဲခဲ့တဲ့ မင်းသား ဟာ မီဒီယာတွေရှေ့ ပေါ်ထွက်လာ ချိန်မှာတော့ တစ်ကိုယ်တည်းဖြစ်ကာ သတို့သမီးကိုတော့ မီဒီယာတွေရဲ့ မျက်လုံးတွေအောက် မရောက် အောင် ဖုံးကွယ်ထားခဲ့ကြောင်း ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။
ဂျိုဟွန်ဂျေးဟာ သူ့ရဲ့သတို့သမီး နဲ့ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်အတွင်း စတင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မင်းသားက ဇနီးလောင်းကို အများရှေ့ ထုတ်ဖော်လာခြင်းမရှိသလို သူတို့နှစ်ဦးရဲ့ ဇာတ်လမ်း ကိုလည်း လျှို့ဝှက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့ရတဲ့အကြောင်း ကတော့ ဂျိုဟွန်ဂျေးရဲ့ လက်တွဲဖော်ဟာ အနုပညာအသိုင်းအဝိုင်းမှမဟုတ်ဘဲ သာမန်အမျိုးသမီးတစ်ဦးသာ ဖြစ်တာကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဂျိုဟွန်ဂျေးရဲ့ ဇနီးဖြစ်သူဟာ ယခင်က ပရော်ဖက်ရှင်နယ်ဂေါက်သီးရိုက် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်နေ သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဂျိုဟွန်ဂျေးကတော့ အိမ်ထောင်သည်တစ်ဦး ဖြစ်ခဲ့ပြီးနောက်မှာလည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment