Thursday, March 29, 2018

မိတ္ထီလာတွင် သက်တမ်းလွန်ဆေးဝါးနှင့် တရားမဝင်ဆေးဝါးများ ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီး

Image may contain: one or more people, fire and outdoor
မိတ္ထီလာ မတ် ၂၈
မိတ္ထီလာတွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ဦးဆောင် ၍ ၂ဝ၁၇ ခုနှစ် မေလမှစတင်ပြီး ဆေးဆိုင်များမှ သိမ်းဆည်းရမိသည့် သက်တမ်းလွန်ဆေးဝါးနှင့် တရားမဝင်ဆေးဝါးများကို မတ် ၂၈ ရက် နံနက် ၉ နာရီတွင် မြင်တော်ကန် သုသာန်အနီးရှိ ကွင်းပြင်၌ ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
''မှတ်ပုံတင်ထားခြင်းမရှိတဲ့ တရားမဝင်ဆေးဝါးတွေ၊ သက်တမ်းလွန်ဆေးဝါး တွေကို ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးတာပါ၊ မြို့နယ်အတွင်းက ဆေးဆိုင် ပေါင်း ၃၉ ဆိုင်ကနေ သိမ်းဆည်းရမိခဲ့တဲ့ သက်တမ်းလွန်ဆေးဝါး ၄၈၃ မျိုး၊ တရားမဝင်ဆေးဝါး၄၃ မျိုး စုစုပေါင်း တန်ဖိုးငွေကျပ် ၁၈ သိန်းကျော်ခန့်ရှိပါတယ်'' ဟု ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာကျော်သန်းရွှေက ပြောသည်။
အဆိုပါ တရားမဝင်ဆေးဝါးနှင့် သက်တမ်းလွန်ဆေးဝါးများ ပထမဆုံး အကြိမ် မီးရှို့ဖျက်ဆီးရာသို့ ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာ ညွန့်စိန်၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မိုးညွန့်ထွန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းစိုး နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)

No comments:

Post a Comment