Saturday, March 3, 2018

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူများအား ပြန်လည်လွှဲပြောင်းပြီး လျော်ကြေးငွေများ ပေးအပ်

Image may contain: 2 people, people standing
မြဝတီ မတ် ၂
မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား အမျိုးသား ၁ဝ ဦး၊ အမျိုးသား ကလေး လေးဦးနှင့် အမျိုးသမီး ကလေး နှစ်ဦး စုစုပေါင်း ၁၆ ဦးတို့အား ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း အစီအစဉ်နှင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ၂ဝ၁၄ ခုနှစ် သြဂုတ် ၄ ရက်တွင် လွှဲပြောင်းပို့ဆောင်ခဲ့ပြီးဖြစ်သော လူကုန်ကူးခံရသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးအတွက် လူကုန်ကူးခံရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်း တို့အတွက် လျော်ကြေးငွေ အမျိုးသားအတွက် ဘတ်ခြောက်သိန်း၊ အမျိုးသမီး အတွက် ဘတ်သုံးသိန်း စုစုပေါင်း လျော်ကြေးငွေဘတ် ကိုးသိန်း လွှဲပြောင်း ပေးအပ်ခြင်း အစီအစဉ်ကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် မြဝတီမြို့ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က ယနေ့တွင် ပုံမှန်ဆောင်ရွက်နေသော လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားများ ကို ပြန်လည်လွှဲပြောင်းပေးသည့် အစီအစဉ်အပြင် မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပြီးဖြစ်သော လူကုန်ကူးခံရသူ နှစ်ဦး၏ လူကုန်ကူးမှုမှ ရာဇဝတ်မှု အတွက် လျော်ကြေးငွေများကို နှစ်နိုင်ငံ လွှဲပြောင်းလက်ခံရေး အစီအစဉ် ကိုလည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုသက်တမ်းတွင် မှတ်တမ်းဝင်နေ့ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ယခုကဲ့သို့ လူကုန်ကူးခံရသူများ၏ ရာဇဝတ်မှုအတွက် တရားစွဲဆိုခြင်းတွင် ထိုင်းနိုင်ငံ တရားရုံးမှ လျော်ကြေးငွေပေးအပ်ရန် အမိန့်ချမှတ်သည့် အမှုတွင် ယခုအမှုသည် ပထမဆုံးဖြစ်သကဲ့သို့ လျော်ကြေးငွေ အများဆုံးရရှိခဲ့သည့် အမှုလည်းဖြစ်ကြောင်း၊ ယခုအောင်မြင်မှုသည် မြန်မာ-ထိုင်း နှစ်နိုင်ငံWorker များ၏ ပူးပေါင်းဆောင်ရွက်မှုမှတ်တိုင်ဟုလည်း ဆိုနိုင်ပါကြောင်း၊ နှစ်နိုင်ငံ Social Workerအနေဖြင့် လူကုန်ကူးခံရသူများ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် ဆက်လက်ပြီး ရင်းနှီးပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း
၊ လျော်ကြေးငွေ လက်ခံရရှိသော လူကုန်ကူးခံရသူများ အနေဖြင့်လည်း မိမိတို့ရရှိသော လျော်ကြေးငွေများသည် မိမိတို့၏ အသက် ခန္ဓာဖြင့် ရင်းနှီး၍ရရှိခဲ့သော ငွေများဖြစ်သည့်အတွက် မိမိတို့ဘဝရပ်တည်ရေး၊ တိုးတက်ရေးတွင် အကျိုးရှိစွာ အသုံးပြုကြပါရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူကုန်ကူးခံရသူများ ပြန်လည်လက်ခံခြင်းနှင့် လူကုန်ကူးခံ ရသူများ လျော်ကြေးငွေလွှဲပြောင်းလက်ခံခြင်း အစီအစဉ်သို့ ညွှန်ကြားရေး မှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့်အဖွဲ့၊ ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် Ms. Saranapat Anumatrajkit, Royal Thai Police မှ Police General Tamasak Wicharayaထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၊ ရန်ကုန်မှ Police Attache' Mr. Khemmarin Hasiri နှင့်အဖွဲ့တို့ တက်ရောက်၍ လူကုန်ကူးခံရသူများအား ပြန်လည်လွှဲပြောင်း လက်ခံခြင်းနှင့် လျော်ကြေးငွေများအား ပြန်လည်လက်ခံခြင်းတို့ကို ဆောင်ရွက် သည်။ လျော်ကြေးငွေများအား လွှဲပြောင်းလက်ခံပြီးနောက် ညွှန်ကြား ရေးမှူးချုပ်က လူကုန်ကူးခံရသူ နှစ်ဦးထံသို့ ထိုင်းနိုင်ငံ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ ပြန်လည်လက်ခံခဲ့သည့် အမျိုးသား ၁ဝ ဦး၊ အမျိုးသား ကလေး လေးဦးနှင့် အမျိုးသမီး ကလေး နှစ်ဦး၊ စုစုပေါင်း ၁၆ ဦးအား ¤င်းတို့၏ မိဘနေရပ်များသို့ ပြန်လည်ပို့ဆောင် အပ်နှံနိုင်ရန်နှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် ယာယီလက်ခံစောင့်ရှောက်ရန် မြဝတီမြို့မှ မော်လမြိုင်မြို့သို့ ခေါ်ဆောင်ခဲ့ပြီး လိုအပ်ချက်များ ဆောင်ရွက်ပြီးစီးပါက ၎င်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင် အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment