Friday, March 30, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

Image may contain: 1 person, standing
နေပြည်တော် မတ် ၂၉
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်း အဝေး ၃၂ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ ၏ နိုင်ငံတကာအဆင့်မီ သတင်းမီဒီယာသမားများ ပေါ်ထွန်းလာစေရေးအတွက် သတင်းမီဒီယာကျောင်းများ ဖွင့်လှစ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ထူးချွန်ထက်မြက်ပြီး နိုင်ငံတကာအဆင့်မီ သတင်းသမား ကောင်းများ မျိုးဆက်မပြတ် ပေါ်ထွန်းလာရေးအတွက် ရေရှည်၊ ရေတို စီမံကိန်းများချမှတ်ကာ သတင်းမီဒီယာ ကျောင်းများဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ပေါ်ထွန်းလာရေး
သတင်းမီဒီယာကျောင်းများ ပေါ်ထွန်းရေးအတွက် ယူနက်စကိုအပါအဝင် နိုင်ငံတကာမှ မီဒီယာဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းမီဒီယာအဖွဲ့များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ထားပြီးဖြစ်သည့် မြန်မာနိုင်ငံသတင်းမီဒီယာ အတတ်သင်တန်းကျောင်း(Myanmar Journalism Institute)နှင့် မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးစင်တာ(Myanmar Media Development Center)တို့နှင့် မီဒီယာသမားကောင်းများ ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ဒုတိယမေးခွန်းဖြစ်သည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက သတင်းသမား အသိအမှတ်ပြုကတ်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ ပြန်ကြားချက်အပေါ် အခြေခံ ပြီး ဖြေကြားရာတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ လက်ရှိအနေအထားအရ မြန်မာနိုင်ငံအတွင်းရှိ သတင်း သမားအားလုံးကို တစ်ဦးချင်းစိစစ်ကာ သတင်းသမား အသိအမှတ်ပြုကတ်ပြား ထုတ်ပေးရန် လက်တွေ့မကျသော လုပ်ငန်းဖြစ်နေပါကြောင်း၊ နိုင်ငံတော်က အသိအမှတ် ပြုထားသော သတင်းမီဒီယာ အဖွဲ့အစည်းများဖြစ်ကြသည့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(MJA)၊ မြန်မာ ဂျာနယ်လစ်ကွန်ရက်(MJN)၊ မြန်မာသတင်းသမဂ္ဂ(MJU)၊ မြန်မာအမျိုးသမီးသတင်းသမားအဖွဲ့(MWJS)၊ မြန်မာ နိုင်ငံတကာသတင်းအဖွဲ့(BNI)၊ မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း(MFCC)တို့က တာဝန်ယူ ထုတ်ဝေပေးထားသော သတင်းသမားကတ်များနှင့် ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲတွင် တရားဝင်မှတ်ပုံတင်ထားပြီး ထုတ်လုပ်ဖြန့်ချိနေကြသော ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အွန်လိုင်းမီဒီယာတို့က သတင်းသမားများအား ထုတ်ပေးထားသည့် အသိအမှတ်ပြု ကတ်ပြားများကို ထပ်ဆင့်အသိအမှတ်ပြုခြင်းကိုသာ သတင်းမီဒီယာကောင်စီက ဆောင်ရွက
်ပေးနိုင်ပါကြောင်း၊ သတင်းသမားများအား အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးရန်သည် သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာတိုက်များ တာဝန်ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် ယင်းအဖွဲ့အစည်းများနှင့် မီဒီယာတိုက်များ လုပ်ကိုင်ဆောင်ရွက်ချက်များ ကျင့်ဝတ် နှင့် ညီ၊ မညီကြီးကြပ်ရန်သာ တာဝန်ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ရုပ်ရှင်ရုံ ၇ဝ
သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်၏ နိုင်ငံတော်က ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များထံ ရောင်းချခဲ့သော ရုပ်ရှင်ရုံနေရာများ၌ အနည်းဆုံး ရုပ်ရှင်ရုံတစ်ရုံ ပြန်လည် တည်ဆောက်ပေးရန် သဘောတူညီမှုဖြင့် ရောင်းချခဲ့သော် လည်း ယနေ့တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုသေးသည့် ရုပ်ရှင်ရုံ ၄၁ ရုံနှင့် ပတ်သက်၍သော် လည်းကောင်း၊ Digitalစနစ်ဖြင့် ပြောင်းလဲအသုံးပြု ပြသခြင်းမရှိသေးသော ရုပ်ရှင်ရုံ ၇ဝ ရုံနှင့် ပတ်သက်၍ သော်လည်းကောင်း မည်ကဲ့သို့ အရေးယူစီမံဆောင်ရွက်မည် ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိုင်ငံတော်မှ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များသို့ အပြီးရောင်းချခဲ့သည့် ရုပ်ရှင်ရုံပေါင်း ၁၃၆ ရုံရှိပြီး ရုပ်ရှင်ပြသခြင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် စည်းကမ်းသတ်မှတ်ချက်ပါသည့် ရုပ်ရှင်ရုံ ၉၄ ရုံနှင့် ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆက်လက် လုပ်ကိုင်ရန် စည်းကမ်းသတ်မှတ်ချက်မပါသည့် ရုပ်ရှင်ရုံ ၄၂ ရုံဖြစ်ပါကြောင်း၊ ရုပ်ရှင်ပြသခြင်းနှင့်စပ်လျဉ်း၍ ယခင်က ဖလင်စနစ်နှင့် ပြသခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ဖလင်များရှားပါးလာမှုနှင့်အတူ ရုပ်ရှင်ထုတ်လုပ်ရေး သည်လည်း ကျဆင်းလာခဲ့ပါကြောင်း၊ တစ်နှစ်တာလုံးတွင် ရုပ်ရှင်က
ားထုတ်လုပ်မှုသည် ဆယ်ဂဏန်းအောက် လျော့သည့် အခြေအနေထိ ဖြစ်လာခဲ့ပါကြောင်း၊ နိုင်ငံ တကာတွင် ဖလင်များသုံးစွဲခြင်းမရှိသလောက် နည်းပါး လာမှုကြောင့် မြန်မာ့ရုပ်ရှင်ပြန်လည်ဦးမော့ရန်ဆိုလျှင် ကမ္ဘာတွင်အသုံးပြုနေသည့် Digital စနစ်ကို ပြောင်းလဲရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် ရုပ်ရှင်ရုံများတွင်Digital Cinema Package(DCP)အဖြစ် အသွင်ပြောင်း နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၃ ခုနှစ်မှ စပြီး တွန်းအားပေး ဆောင်ရွက်ခဲ့ပါကြောင်း။
ကူညီပံ့ပိုးပေး
ပုဂ္ဂလိကကို အပြီးရောင်းချပြီးဖြစ်သည့် ရုပ်ရှင် ပြသခြင်းလုပ်ငန်း ဆက်လက်လုပ်ကိုင်ရမည့် ရုပ်ရှင်ရုံ ၉၄ ရုံအနက် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်အထိDigitalစနစ်သို့ ပြောင်းလဲပြီး ပြသလျက်ရှိသည့် ရုပ်ရှင်ရုံ ၁၄ ရုံသာရှိပြီး ၂ဝ၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင်Digitalစနစ်သို့ ပြောင်းလဲပြသနိုင်မည့် ရုပ်ရှင်ရုံ ၅ ရုံသာရှိသည့်အတွက်Digitalစနစ်သို့ ပြောင်းလဲရန် ရုပ်ရှင်ရုံ ၇၅ ရုံ ကျန်ရှိနေ ပါကြောင်း၊ ရုပ်ရှင်ရုံများနှင့်ပတ်သက်၍ ရုပ်ရှင်ပြသရန် သတ်မှတ်ထားသော်လည်း ရုပ်ရှင်ပြသမှုမရှိခြင်းနှင့် အခြား လုပ်ငန်းများ လုပ်ကိုင်နေခြင်းအတွက် စာချုပ်ပါ စည်းကမ်း ဖောက်ဖျက်မှုများအပေါ် ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စည်းကမ်းဖောက်ဖျက် သည့် ရုပ်ရှင်ရုံများကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိသကဲ့သို့ တစ်ဖက်တွင်လည်း မိမိတို့အနေဖြင့်Digitalစနစ်သို့ ပြောင်းလဲရာတွင် အရင်းအနှီးအခက်အခဲ၊ နည်းပညာအခက်အခဲကြောင့် ဆောင်ရွက်ရန် နှောင့်နှေး နေသည့် အခြေအနေကို ကူညီဖြေရှင်းသည့်အနေဖြင့်Digital စနစ်ဖြင့် ပြောင်းလဲပြသနိုင်ရန် စိတ်ဝင်စားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ရုပ်ရှင်ရုံများဖွံ့ဖြိုးရေး ဆောင်ရွက် နေသည့် ကုမ္ပဏီအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းလု
ပ်ဆောင်နိုင်ရန် ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချထားသည့် ရုပ်ရှင်ရုံများနှင့် ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် နှစ်ရှည်ငှားရုပ်ရှင်ရုံများ၏ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ ကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များထံ လွှဲပြောင်းနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို လွှဲပြောင်းပေးနိုင်ခြင်းအားဖြင့် ရုပ်ရှင်ရုံများဖွံ့ဖြိုး တိုးတက်ရေးကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် ပြည်နယ်အစိုးရများအလိုက် ပိုမိုအာရုံစိုက်ပြီး ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း။
Digital စနစ်သို့
ရုပ်ရှင်ကားများ ထုတ်လုပ်မှုများပြားလာသည်နှင့် အမျှ ပုဂ္ဂလိကရုပ်ရှင်ရုံများလည်း ပေါ်ပေါက်လာနေပါ ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် တည်ဆဲ ဥပဒေများနှင့်အညီ လိုအပ်ချက်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံ ၂၇ ရုံရှိသည့်အနက် Red Theater အဖြစ် စီစဉ်ဆောင်ရွက် နေသည့် ရုပ်ရှင်ရုံ(၁)ရုံမှအပ ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်း ထားသည့် ရုပ်ရှင်ရုံ ၂၆ ရုံရှိသည့်အနက်Digitalစနစ်သို့ ပြောင်းလဲပြီးသည့် ရုပ်ရှင်ရုံ ၂၂ ရုံရှိနေပြီး ကျန်ရှိနေသည့် ၄ ရုံကိုလည်းDigital စနစ်သို့ ပြောင်းလဲနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ အများပြည်သူ သတင်းအချက်အလက်ရယူပိုင်ခွင့်နှင့် စပ်လျဉ်း၍ မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလို ခြင်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက အများပြည်သူ သတင်းအချက် အလက်ရယူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများစာရင်းကို ဖွဲ့စည်းထုတ်ပြန်ထားပြီး ပြန်ကြားရေးဝန်ကြီးဌာနWeb Portal ဖြစ်သည့် www.moi.gov.mm တွင် လွှင့်တင်ထားပါကြောင်း၊ ထို့အပြင် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသော ဦးစီး ဌာန၊ လုပ်ငန်းများသို့ ရုံးလုပ်ငန်းကိစ္စရပ်များ ဆောင်ရွက် ရန် လာရောက်ကြသည့် ပြည်သူများအနေဖြင့် အဆင်ပြေ လွယ်ကူစေရေးအတွက် သက်ဆိုင်ရာဌာနများ၏ ရုံးလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များနှင့် လိုအပ်သည့် သတင်းအချက်အလက်များကို အများပြည်သူမြင်သော နေရာများတွင် ချိတ်ဆွဲပြသထားရန်နှင့်Website၊ Social Media အစရှိသော အင်တာနက် လူမှုကွန်ရက်များတွင် ဖော်ပြပေးခြင်းတို့ကို အထူးအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံးက ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများသို့လည်းကောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုး
ရအဖွဲ့တို့သို့လည်းကောင်း အကြောင်းကြား ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ Web Portal၊ Websiteနှင့်Social Media များတွင် လွှင့်တင်ထားသည့် ကိန်းဂဏန်း၊ စာရင်း၊ ဇယားနှင့် အချက်အလက်အချို့တွင် အချိန်ကြာမြင့်သည်နှင့်အမျှ ပြောင်းလဲခဲ့ပြီးဖြစ်သည့် အတွက် ယင်းတို့ကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စေရန် အတွက် စဉ်ဆက်မပြတ် Update လုပ်ပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ဆက်သွယ်ညှိနှိုင်း နှိုးဆော်လျက် ရှိပါကြောင်း။
Call Center
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရရှိသည့် အချက် အလက်များ၊ ရုံးလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ် အပါအဝင် အခြားသောဝန်ကြီးဌာနများ၏ သတင်းအချက် အလက်များ၊ မိုးလေဝသသတင်းများ၊ ထူးခြားဖြစ်စဉ် သတင်းများနှင့် နေ့စဉ်လုပ်ငန်း ဆောင်ရွက်မှုသတင်းများကို ပြည်သူများအလွယ်တကူ သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနCall Center Hot Line(1883) ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ထို့အပြင် ဒီမိုကရေစီ လူ့ဘောင်တစ်ခုတွင် အများ ပြည်သူသို့ မဏ္ဍိုင် ၃ ရပ်၏ လုပ်ကိုင်ဆောင်ရွက်မှုများကို အသိပေးရသည့် သတင်းမီဒီယာများမှတစ်ဆင့် အများ ပြည်သူ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို စနစ်တကျပေးပို့နိုင်ရန်အတွက် မဏ္ဍိုင် ၄ ရပ် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ ပြုလုပ်၍ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံသားအားလုံး သတင်းအချက် အလက်သိရှိပိုင်ခွင့်ကို စနစ်တကျရရှိစေရန်အတွက် သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေ (Right to Information Law)ပြဋ္ဌာန်းနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ထုတ်ဝေဖြန့်ချိ
တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ ပုဂ္ဂလိကသတင်းစာ များ အားကောင်းမောင်းသန် ရှင်သန်ရပ်တည်သွားနိုင်ရေး အတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုအစီအမံများရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိကသတင်းစာ ၃၇ စောင်နှင့် ဌာနဆိုင်ရာ သတင်းစာ ၇ စောင် စုစုပေါင်း ၄၄ စောင်ကို ထုတ်ဝေ ခွင့်ပြုထားပါကြောင်း၊ ယင်းတို့အနက် လက်ရှိအခြေအနေ တွင် မန္တလေးနေ့စဉ်၊ မြဝတီရောင်စုံ၊ ရတနာပုံ၊ မြို့တော်၊ မြန်မာ့အလင်း၊ ကြေးမုံနှင်Global New Light of Myanmar စသည့် ဌာနဆိုင်ရာသတင်းစာများ စုစုပေါင်း ၇ စောင်ရှိပါကြောင်း၊ ပုဂ္ဂလိကသတင်းစာများမှာ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသည့်The Straits Times၊ New York Times၊ Myanmar Timesနှင့် China Daily လေးစောင်ရှိပါကြောင်း၊ မြန်မာဘာသာဖြင့် ထုတ်ဝေသည့် စံတော်ချိန်၊ ခေတ်သစ်၊ ဒီမိုကရေစီတူဒေး၊ 7 day daily, Daily Eleven၊ The Voice Daily၊ ပြည်ထောင်စုနေ့စဉ်၊ မြန်မာတိုင်းမ်၊ မြန်မာသံတော်ဆင့်၊ ဝိတိုရိယနှင့် ညနေခင်း သတင်းစာ ၁၁ စောင်နှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် တအာင်း(ပလောင်)စသည့် တိုင်းရင်းသားဘာသာအသီးသီးဖြင့် ထုတ်ဝေနေသည်
့ သတင်းစာနှင့် ဂျာနယ် ၄၇ စောင် ရှိပါကြောင်း၊ အဆိုပါ အခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် ပုဂ္ဂလိကသတင်းစာ များ လွတ်လပ်စွာ ထုတ်ဝေဖြန့်ချိလျက်ရှိသည်ကို တွေ့မြင် ရမည် ဖြစ်ပါကြောင်း။
ပြောင်းလဲထုတ်ဝေ
ယခုအခါ နိုင်ငံတကာတွင် ဆက်သွယ်ရေးနည်းပညာ တစ်ဟုန်ထိုးတိုးတက်လာသည့်အလျောက် Online Media မှာ လျင်မြန်စွာ ဖွံ့ဖြိုးလာနေပြီး Print Media များ၏ အခန်းကဏ္ဍမှာ တရိပ်ရိပ် ကျဆင်းလာနေသည်ကို တွေ့ရပါကြောင်း၊ ၂ဝဝ၈ ခုနှစ်ခန့်မှစတင်၍ ကမ္ဘာကျော် သတင်းစာကြီးများအပါအဝင် ပုံနှိပ်သတင်းစာ အများ အပြားကို အွန်လိုင်းသတင်းစာအဖြစ် လုံးဝပြောင်းလဲ၍ ဖြစ်စေ၊ ပုံနှိပ်သတင်းစာနှင့် ယှဉ်တွဲ၍ဖြစ်စေ စတင် ထုတ်ဝေလာခဲ့ကြပါကြောင်း၊ ၁၇၃၄ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့သည့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး Lloyd’s List Journal သည် ပုံနှိပ်ထုတ်ဝေနေရာမှ Online Version သို့ ၂ဝ၁၃ ခုနှစ်တွင် ပြောင်းလဲခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း Mizzima Newspaper အပါ အဝင် သတင်းစာအများအပြားကိုDigital Newspaperများအဖြစ် ပြောင်းလဲထုတ်ဝေလာခဲ့ကြသည်ကို တွေ့ရှိရ ပါကြောင်း။
ပုံနှိပ်သတင်းစာများ ရပ်တည်ရန် ခက်ခဲရသည့် အဓိကအကြောင်းရင်းတစ်ခုမှာ သတင်းစာများ ရောင်းချ ရမှုနှင့် ကြော်ငြာမှရရှိသည့်ဝင်ငွေတို့ ကျဆင်းလာရခြင်း တို့ကြောင့် ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ကြော်ငြာ ဝင်ငွေများသည် ပုံနှိပ်မီဒီယာအပြင် ရေဒီယိုရုပ်သံ (Broadcast)နှင့် (Digital)အစရှိသည့် Online Media များသို့ ခွဲဝေပေးနေရမှုကြောင့် ပုံနှိပ်မီဒီယာများအနေဖြင့် ကြော်ငြာမှရရှိသည့် ဝင်ငွေများ ကျဆင်းလျက်ရှိရာ လုပ်ငန်းလုပ်ကိုင်ရာတွင် ကန့်သတ်ချက်များ ကြုံတွေ့ရ ခြင်းဖြစ်ပါကြောင်း။
ကင်းလွတ်ခွင့်မရ
သတင်းစာအပါအဝင် ပုံနှိပ်လုပ်ငန်းများအနေဖြင့် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အမြတ်ခွန် အစ ရှိသည့် အခွန်အခများကြောင့် လုပ်ငန်းများလုပ်ကိုင်ရာ တွင် အခက်အခဲများရှိနေသည့်အတွက် Withholding Taxကို နိုင်ငံတော်အစိုးရက ပယ်ဖျက်ပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်ကို သိရပါကြောင်း၊ အခွန်အခများ ကင်းလွတ်ခွင့်ရရှိရေး၊ လျှော့ပေါ့ပေးရေးကိစ္စသည် သက်ဆိုင် သူများအားလုံး ဝိုင်းဝန်း၍ ဆောင်ရွက်ရမည့်ကိစ္စရပ် ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန တစ်ခုတည်းက ဆောင်ရွက်၍မရနိုင်ပါကြောင်း၊ နိုင်ငံပိုင်သတင်းစာများ သည်လည်း ဈေးကွက်စီးပွားရေးမူဝါဒများအရ အခွန်အခ များ ကင်းလွတ်ခွင့်မရရှိဘဲ ပုဂ္ဂလိကသတင်းစာများနည်းတူ ပေးဆောင်နေရသည် ဖြစ်ပါကြောင်း။
နိုင်ငံပိုင်သတင်းစာများသည် နိုင်ငံတော်၏ ဘဏ္ဍာ ငွေကို အသုံးပြု၍ လည်ပတ်ရသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့်အတွက် အရှုံးဖြင့်ရပ်တည်၍မရနိုင်ပါ ကြောင်း၊ စီးပွားရေးအားဖြင့် အရှုံးနှင့်ရင်ဆိုင်ရနိုင်ခြေ ရှိပါကလည်း အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းစသည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်သတင်းစာများအနေဖြင့် အရှုံးမရှိစေရ ကန့်သတ် ချက်အပြင် အမြတ်အစွန်းများစွာ ရရှိရေးကိုလည်း ဦးတည် ၍မရဘဲ ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သတင်းစာ ဝယ်ယူ ဖတ်ရှုခွင့်ရရှိရေးအတွက် ဦးတည်ကာ သတင်းစာ တန်ဖိုးကို ကြော်ငြာဝင်ငွေဖြင့် ခုနှိမ်ပြီး သတင်းစာ အမှန် တကယ်ကျသင့်တန်ဖိုးထက် လျှော့ချပြီး ရောင်းချနေရ ခြင်းဖြစ်ပါကြောင်း၊ ထူထောင်ဆဲနိုင်ငံများတွင် နိုင်ငံပိုင် သတင်းစာများအနေ ဖြင့် ပြည်သူနှင့် အစိုးရအကြားတွင် ပေါင်းကူးတံတားသဖွယ် ဆက်သွယ်ဆောင်ရွက်ပေးရန် အဓိက တာဝန်ရှိသည့် အတွက် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သတင်းစာ ဖတ်ရှုနိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါ ကြောင်း။
ပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက်များ ဌာနဆိုင်ရာသတင်းများရယူမှု ပိုမိုလွယ်ကူမြန်ဆန်စေရန် ၂ဝ၁၆ ခုနှစ်မှစတင်၍ မဏ္ဍိုင်သုံးရပ်နှင့် သတင်းမီဒီယာ များ တွေ့ဆုံဆွေးနွေးပွဲများကို သတင်းမီဒီယာကောင်စီ နှင့် ပူးပေါင်းလျက် မြန်မာနိုင်ငံအနှံ့ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ဦး၏ လုပ်ငန်းသဘောသဘာဝကို တစ်ဦး သိရှိကာ သတင်းကိစ္စဆက်သွယ်ဆောင်ရွက်မှု ချောမွေ့ လွယ်ကူစေရန် များစွာအထောက်အကူပြုလျက် ရှိပါ ကြောင်း၊ မဏ္ဍိုင်သုံးရပ်တွင် ပြောရေးဆိုခွင့်ရှိသူများကို ရွေးချယ်တာဝန်ပေးထားပြီး ယင်းတို့ကို သတင်းမီဒီယာ များနှင့် ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ သတင်းများ ပြုလုပ်ပေးခဲ့ပါကြောင်း။
ဖျက်သိမ်းပေးခဲ့
ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတို့တွင် ပြင်ပ ပုဂ္ဂလိက ကြော်ငြာကုမ္ပဏီများနှင့် ပူးပေါင်းပြုလုပ်သည့် ကြော်ငြာစာမျက်နှာများ ရိုက်နှိပ်ပြီး ကြားညှပ်ထည့်သွင်း ဖြန့်ချိခြင်းလုပ်ငန်းကို ပြင်ပပုဂ္ဂလိက သတင်းစာ၊ ဂျာနယ် များသို့ ခွဲဝေရောက်ရှိစေနိုင်ရန် ရည်ရွယ်ပြီး ၂ဝ၁၆ ခုနှစ် ဇွန် ၁ ရက်မှစ၍ ဖျက်သိမ်းပေးခဲ့ပါကြောင်း၊ နိုင်ငံတော် အဆင့် တာဝန်ရှိသူများ၏ သတင်းများအပါအဝင် ဌာန ဆိုင်ရာ သတင်းများ၊ ဓာတ်ပုံများကို ပြင်ပပုဂ္ဂလိက မီဒီယာ များအနေဖြင့် နိုင်ငံပိုင်သတင်းစာများနှင့်အတူ တစ်ပြေးညီ ရရှိစေရန်ျွှနဘျငအန များ၌ တင်ပေးထားပြီး သတင်းရရှိမှု အပိုင်းတွင် မြန်ဆန်စေရန် စီမံဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။
လမ်းဖွင့်ပေး
နေပြည်တော်၌ကျင်းပသော အခမ်းအနားကြီးများနှင့် နိုင်ငံတကာမှ စိတ်ဝင်စားမှုရှိသည့် ရခိုင်ပြည်နယ် မောင်တော ဒေသခရီးစဉ်များတွင် နိုင်ငံခြား သတင်းမီဒီယာများနှင့်အတူ ပြည်တွင်း ပုဂ္ဂလိကမီဒီယာများအားလုံး တစ်ပြေးညီ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်သတင်းယူနိုင်စေရန် အတွက် နေရာထိုင်ခင်းနှင့် သွားလာရေးအခက်အခဲ ကြောင့် လူဦးရေ ကန့်သတ်ရသည့်အခါများမှလွဲ၍ အလှည့်ကျ သတင်းရယူနိုင်ရန် စီစဉ်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိကသတင်းစာများ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်များရရှိစေရန် ဆောင်ရွက်ပေးသည့် နေရာတွင် လိုအပ်ချက်များစွာ ရှိနေသေးသည်ကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြုပြီး ပိုမို တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်နေပါ ကြောင်း၊ နိုင်ငံပိုင်သတင်းစာများကို အစိုးရ၏ ဆောင်ရွက် ချက်များအား ပြည်သူများသိရှိစေရန်၊ ပြည်သူများ၏ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများ သိရှိစေရန်၊ ပြင်ပ မီဒီယာ က စိတ်ဝင်စားမှုနည်းပါးသည့် လူနည်းစုတိုင်းရင်းသားများ အကြောင်းနှင့် အခြားပြည်သူလူထု သိသင့်သိထိုက်သည် များကို သိရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့်သာ ထုတ်ဝေဖြန့်ချိနေပြီး ပြင်ပပုဂ္ဂလိက သတင်းစာများ
နှင့် ပြိုင်ဆိုင်မှုမပြုဘဲ သီးခြားပုံစံတစ်မျိုးဖြင့် ရပ်တည်ကာ ပုဂ္ဂလိကသတင်းစာများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် လမ်းဖွင့်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ အင်္ဂပူမဲဆန္ဒနယ်မှ ဦးအေးဝင်းနှင့် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးတို့၏ မေးခွန်းများနှင့်စပ်လျဉ်း ၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ရှင်းလင်းဖြေကြားသည်။
အမည်စာရင်း
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှပေးပို့သော စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာနည်းဥပဒေများနှင့် စပ်လျဉ်း၍ စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦး၏ ပြင်ဆင်ချက်အဆို အပေါ် ပြင်ဆင်ချက်တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် ဖြင့် ပြန်လည်ပေးပို့လာသော ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေကြမ်းကို လက်ခံရရှိကြောင်း ကြေညာပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင် ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ အသိ ပေးတင်ပြသည်။
ဥပဒေကြမ်း
ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် မရှိ ပြန်လည်ပေးပို့သော အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ (The Caste Disabilities Removal Act) ကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လက်ခံရရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် ဖြင့် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က ပြင်ဆင်ချက်အတိုင်း အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်း သည့် ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင် ချက်အဆိုအား ဥပဒေကြမ်းကော်မတီက အဆိုတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုသည်။
အတည်ပြုခြင်း
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အစည်းအဝေး ကာလအတွင်း ဆောင်ရွက်ချက်များအနေဖြင့် ကြယ်ပွင့်ပြ မေးခွန်း(၁၉၁)ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း (၆၂၈)ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ အဆို(၉)ခုတင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို (၂)ခုနှင့် မှတ်တမ်းတင်အဆို (၇)ခုတို့ဖြစ်ကြပါကြောင်း၊ ဥပဒေကြမ်းများအနေဖြင့် ဆွေးနွေးဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း(၃၅)ခုရှိပြီး၊ ဥပဒေကြမ်း (၁၄)ခုကို အတည်ပြု နိုင်ခဲ့ပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း (၂၁)ခု ကျန်ရှိပါကြောင်း၊ ထို့ပြင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသည့် ကော်မတီ (၁၄)ခု၏ သက်တမ်း တိုးမြှင့် ခြင်းနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို အတည်ပြု ခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ကြိုးပမ်းတည်ဆောက်
ကိုယ်စားလှယ်များက မိမိကိုယ်ကိုကောင်းအောင် ကြိုးစားရင်း မိမိပတ်ဝန်းကျင်နှင့် ပြည်သူလူထု၏ စံနမူနာ ပြ ကျင့်ကြံဆောင်ရွက်နိုင်မှသာ မိမိတို့မျှော်မှန်းထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင် ကြမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ် ရေးသည် အဓိကအရေးကြီးဆုံး ဆောင်ရွက်ကြရမည့် တာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရိုင်းပင်းသည့် စိတ်ဓာတ်ရှိမှသာ ပြည်ထောင်စုဆိုသည့် အဓိပ္ပာယ်သည် ပိုပြီး ပြည့်စုံလာခြင်းဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါသည် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးအတွက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာသည့် နိုင်ငံရေးနည်းလမ်းများကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖော်ဆောင်နေသည့် ကာလဖြစ် ပါကြောင်း၊ တစ်ပြိုင်တည်းတွင် မိမိတို့နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံမှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းတည်ဆောက်နေသည့် ကာလလည်း ဖြစ်ပါကြောင်း။
ထိုသို့ ဆောင်ရွက်သည့်အခါတွင် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည်လည်း ဥပဒေပြု ရေးမဏ္ဍိုင်ကို ကိုယ်စားပြုပြီး ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များ၏ အတွေးအခေါ်၊ အယူအဆ၊ အမူအကျင့်များသည်လည်း ခေတ်နှင့် လိုက်လျောညီထွေသည့် အတွေးအခေါ်မျိုးထားရှိရမည် ဖြစ်ပါကြောင်း၊ အပြောင်းအလဲတိုင်းသည် အချိန်ကာလ တစ်ခု လိုအပ်စမြဲဖြစ်သည့်အတွက် မိမိတို့အားလုံးသည် သံသယကင်းသည့် အြ<ွကင်းမဲ့ယုံကြည်မှု၊ ခိုင်မာသည့် စည်းလုံးမှု၊ ပြတ်သားသည့် သန္နိဋ္ဌာန်စိတ်တို့နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
စောင့်ကြည့်ထိန်းညှိ
လွှတ်တော်၏ အဓိကလုပ်ငန်း တာဝန် ၃ ရပ်ဖြစ်သည့် ဥပဒေပြုခြင်း (Legislation)၊ စောင့်ကြည့်ထိန်းညှိခြင်း (Oversight)နှင့် ကိုယ်စားပြုခြင်း (Representation) တာဝန် ၃ ရပ်ကို ပီပြင်စွာ ထမ်းဆောင်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ကြပါ။ ပထမတာဝန်ဖြစ်သည့် ဥပဒေ ပြုခြင်း လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် အရည်အချင်းပြည့်ဝသည့် လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် တည်ဆောက်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးနိုင်သည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရန်အတွက် ဆောင်ရွက်ကြပါ။ ဒုတိယတာဝန် ဖြစ်သည့် စောင့်ကြည့်ထိန်းညှိခြင်းလုပ်ငန်း တာဝန်အတွက် ဒေသနယ်ပယ်အလိုက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများ တည့်မတ်မှန်ကန်အောင် (Parliamentary Oversight) အဖြစ် စောင့်ကြည့်ထိန်းညှိပေးကြပါ။
တတိယတာဝန်ဖြစ်သည့် ကိုယ်စားပြုခြင်းလုပ်ငန်းတာဝန်အတွက် မဲဆန္ဒရှင် ပြည်သူလူထုထံ ပြန်လည် ရောက်ရှိသည့်အခါ ပြည်သူ့အသံနှင့် ပြည်သူတို့၏ တင်ပြချက်များကို အလေးထား မှတ်သားနားထောင်ကြပါ။ ပြည်သူကိုကိုယ်စားပြုပြီး ပြည်သူ့အသံ၊ လွှတ်တော်အသံ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ကြပါ။ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများ တွင် ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြပါ။ ဒီမို ကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက် ရန် ပြည်သူအားလုံး ပူးပေါင်းပါဝင်သည့် (All Inclusive Democracy) ဖော်ဆောင်ရေးကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြပါဟု ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးပြီးစီးကြောင်း ကြေညာသည်။

အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment