Friday, March 30, 2018

စက်မှုလယ်ယာဖော်ဆောင်နိုင်ရေး ညှိနှိုင်းဆွေးနွေး

Image may contain: one or more people, people eating, people sitting, table and food
ကျောက်တန်း မတ် ၂၉
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် တံတားမြို့ ဂရံကြီးကွင်းတွင် စက်မှုလယ်ယာဖော်ဆောင်ပေးနိုင်ရန် တံတားမြို့ဂရံကြီးကွင်းနေ လယ်သမား
ရှစ်ဦးတို့က နိုင်ငံတော်သို့ တင်ပြလျှောက်ထားခဲ့သည်။
အဆိုပါ လျှောက်ထားမှုနှင့် ပတ်သက်၍ ရန်ကုန်တောင်ပိုင်းခရိုင် စက်မှု
လယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဦး၊ စက်မှုလယ်ယာဦးစီးဌာန သန်လျင် မြို့နယ်ဦးစီးမှူး ဦးကျော်မင်းဦး၊ ဒုဦးစီးမှူးဦးမြင့်သန်းနှင့် ကျောက်တန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသန်းတို့သည် မတ် ၂၈ ရက် နံနက်
၁ဝ နာရီက တံတားမြို့သို့ရောက်ရှိ၍ စက်မှုလယ်ယာဖော်ဆောင်မည့် လယ်
သမားကြီးများနှင့် တစ်ဆက်တစ်စပ်တည်းရှိနေကြသည့် လယ်သမားကြီးများ
အား တွေ့ဆုံ၍ မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုကာ ညှိနှိုင်း
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဆွေ (ရွှေတံတား)

No comments:

Post a Comment