Friday, March 30, 2018

နိုင်ငံနှင့်လူမျိုး ဂုဏ်သိက္ခာမြှင့်တင်ပေးနိုင်ရန် ပဲခူးတွင် ပန်းချီပြပွဲ ကျင်းပ

Image may contain: 4 people, people standing and indoor
ပဲခူး မတ် ၂၉
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး
၌ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး (ပဲခူး
မြို့နယ်-မြို့မ) ၏ ပန်းချီဆရာများနှင့် ပြန်ကြားရေး
နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပဲခူးခရိုင်တို့ ပူး
ပေါင်း၍ ပဲခူးပန်းချီပြပွဲအခမ်းအနားကို မတ် ၂၉
ရက် နံနက် ၉ နာရီက ရွှေမော်ဓောဘုရားလမ်း၌ ကျင်းပသည်။
ပန်းချီနှင့်ပတ်သက်၍ နိုင်ငံနှင့်လူမျိုး၏ ဂုဏ်
သိက္ခာသည် ပန်းချီပညာရပ်တွင် အများကြီး
သက်ရောက်မှုရှိသောကြောင့် ပန်းချီပညာရပ်အား မရှိမဖြစ် မြှင့်တင်လုပ်ဆောင်ပေးကြရန်လိုအပ်
ကြောင်း၊ ပန်းချီပညာရပ်အား နိုင်ငံတော်အပိုင်းမှ
ထိရောက်စွာ ပံ့ပိုးပေးစေလိုကြောင်း၊ ပံ့ပိုးပေးမှ သာလျှင်လည်း ပန်းချီဆရာများအနေဖြင့် ကြိုးစား
ရကျိုးနပ်မည်ဖြစ်ကြောင်း ပဲခူးမြို့နယ် ပန်းချီ၊ ပန်းပု အစည်းအရုံး မြို့မဥက္ကဋ္ဌ ဦးယုစိန်က ပြောကြား
သည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊
လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီး
ပြန်/ဆက်ဦးစီးမှူး ဦးစိုးပိုင်နှင့် ပဲခူးမြို့နယ်ပန်းချီ၊ ပန်းပုအစည်းအရုံး မြို့မဥက္ကဋ္ဌ ဦးယုစိန်နှင့် တာဝန်
ရှိသူများက ပြသထားသော ပန်းချီရုပ်ပုံကားချပ်များ
ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ ပန်းချီပြပွဲအား ပဲခူးမြို့နယ်အတွင်းရှိ
ပန်းချီပညာရှင်များအားလုံးစုပေါင်း၍ ပြပွဲတစ်ရပ်
အနေဖြင့် ပြည်သူလူထုအား ခင်းကျင်းပြသခြင်းဖြစ်ပြီး မြို့နယ်၏ အနုပညာဂုဏ်သိက္ခာကို မြှင့်တင်
သည့်အနေဖြင့် ပန်းချီဆရာ ၃၂ ဦး ရေးဆွဲပြသထား သော ပန်းချီရုပ်ပုံကား ၆၆ ချပ်အား မတ် ၂၉ ရက်
မှ ဧပြီ ၄ ရက် အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ
၎ နာရီခွဲအထိ အခမဲ့ပြသထားမည်ဖြစ်ကြောင်း သိရ
သည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment