Friday, March 30, 2018

အမှတ် (၂) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ မှူးရုံး ကွပ်ကဲမှုအောက်ရှိ လုံခြုံရေးတပ်ဖွဲ့ ခွဲများ စုပေါင်း သွေးလှူဒါန်း

Image may contain: 2 people, people standing and hat
မင်္ဂလာတောင်ညွန့် မတ် ၂၉
အမှတ် (၂) လုံခြုံရေးကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး
ရဲချုပ်တင်ကိုကို ဦးဆောင်၍ အမှတ် (၂) လုံခြုံရေး
ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကွပ်ကဲမှုအောက်ရှိ လုံခြုံ
ရေးတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်မိသားစု စာရေး
ဝန်ထမ်းများက မတ် ၂၈ ရက် နံနက် ၈ နာရီက
(၃၃) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခဲ့ကြ
သည်။ အမှတ် (၇၊ ၈၊ ၁၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့မှ
တပ်ဖွဲ့ဝင် စုစုပေါင်း ၉၁ ဦးတို့သည် ရန်ကုန်
ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနတွင် လည်းကောင်း၊ အမှတ် (၃၊ ၉) လုံခြုံရေး တပ်ဖွဲ့ခွဲ
တို့မှ မိသားစုဝင် ၁၂ ဦး၊ တပ်ဖွဲ့ဝင် ၂၉ ဦး စုစုပေါင်း
၄၁ ဦးတို့သည် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံ
ကြီးတွင်လည်းကောင်း၊ အမှတ် (၅၊ ၆) လုံခြုံရေး
တပ်ဖွဲ့ခွဲတို့မှ တပ်ဖွဲ့ဝင် စုစုပေါင်း ၅ဝ တို့သည်
သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင်လည်းကောင်း၊
အမှတ် (၁၅) လုံခြုံရေးတပ်ဖွဲ့ခွဲ၊ နောက်တန်း
ဌာနချုပ်မှ မိသားစုဝင် လေးဦး၊ စာရေးဝန်ထမ်း တစ်ဦး၊ တပ်ဖွဲ့ဝင် ၂၁ ဦး စုစုပေါင်း ၂၆ ဦးတို့
သည် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင်လည်း
ကောင်း၊ အမှတ် (၂၂) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၂၃ ဦးတို့သည် ဘားအံပြည်သူ့ဆေးရုံ
ကြီးတွင်လည်းကောင်း (၃၃) ကြိမ်မြောက် စုပေါင်း
သွေးလှူဒါန်းမှုတွင် စာ
ရေးဝန်ထမ်း တစ်ဦး၊ မိသားစုဝင် ၁၆ ဦး၊ တပ်ဖွဲ့ဝင် ၂၁၄ ဦးတို့
က စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရ
သည်။
အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့အနေ
ဖြင့် ၂ဝ၁၅ ဇန်နဝါရီလမှစတင်သွေးလှူဒါန်းမှု
များ ဆောင်ရွက်ခဲ့ရာ (၃၃) ကြိမ်မြောက်အထိ
စုပေါင်းသွေးလှူဒါန်းမှုတွင် တပ်ဖွဲ့ဝင်စာရေး၊
ဝန်ထမ်းမိသားစု စုစုပေါင်း ၁ဝဝ၆ဝ နှင့်
အရေးပေါ် သွေးလှူဒါန်းမှုတွင် တပ်ဖွဲ့ဝင်
၁၄၅၈ ဦး စုစုပေါင်း ၁၁၅၁၈ ဦးတို့ သွေးလှူဒါန်း ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျော်စိုးမိုး (မင်္ဂလာတောင်ညွန့်)

No comments:

Post a Comment