Saturday, March 31, 2018

အစ္စရေးနှင့်ထိစပ်နေသော နယ်စပ်စည်းရိုးတစ်လျှောက်ဆန္ဒပြမှုများအတွင်း ဂါဇာဒေသသား လေးဦးသေဆုံး

Image may contain: one or more people, crowd, basketball court and outdoor
ဂါဇာစီးတီး မတ် ၃ဝ
ဂါဇာကမ်းမြောင်ဒေသကို ဝန်းရံထားသော လုံခြုံရေး ဆိုင်ရာ ခြံစည်းရိုးတစ်လျှောက်တွင် မတ် ၃ဝ ရက်က ''ပြန်လှည့်ချီတက်ခြင်း'' အမည်ရှိ ဆန္ဒပြပွဲများကို အင်တိုက်အားတိုက် ပြုလုပ်ခဲ့ရာတွင် အစ္စရေးစစ်ဘက်က ဆန္ဒပြသမားများကို ရော်ဘာကျည်များ၊ ကျည်စစ်များဖြင့် ပစ်ခတ်လူစုခွဲခဲ့ခြင်းကြောင့် ဂါဇာဒေသသား ပါလက် စတိုင်း လေးဦးသေဆုံးပြီး ၃၇ဝ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဆန္ဒပြပါလက်စတိုင်း လူစုလူဝေးက အစ္စရေးစစ်သားများ အား မီးလောင်ဗုံးများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း ကြောင့် အစ္စရေးစစ်သားများက ပြန်လည်ပစ်ခတ်ဖြစ် ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
ဂါဇာနယ်စပ်ဒေသတစ်လျှောက်တွင် ပါလက်စတိုင်း ၁၇ဝဝဝ ခန့်က ''ပြန်လှည့်ချီတက်ခြင်း''ဟု အမည်ပေးထား သည့် ဆန္ဒပြပွဲပြုလုပ်ခဲ့ပြီး ယင်းဆန္ဒပြမှုများမှာ အဓိကဆန္ဒပြရာနေရာငါးခုအထိ ပျံ့နှံ့သွားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသ နယ်စပ်တစ်လျှောက်တွင် ဖြစ်ပွားသည့်ကြီးမားသော ဆန္ဒပြမှုအတွင်း ပါလက် စတိုင်းလူမျိုး လေးဦးသေဆုံးခဲ့ကြောင်း၊ မတ် ၃ဝ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃ဝ တွင် ထိခိုက်ဒဏ်ရာရသူ ၃၇ဝ ရှိပြီး ဒဏ်ရာရသူအများစုမှာ ရော်ဘာကျည်ဆန် ထိမှန်မှုနှင့် မျက်ရည်ယိုဗုံးတို့ကြောင့်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူ အချို့မှာ ကျည်စစ်များ ထိမှန်ခံရသူများဖြစ်ကြောင်း ဟားမားစ်အဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
ဆန္ဒပြပွဲ၌ အဓိကလှုံ့ဆော်သွေးထိုးသူများကို စစ်သား များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်ဘက်က အတည်ပြု ပြောကြားသည်။ အချို့သော ဆန္ဒပြသမား များသည် မော်တော်ကားတာယာများကို မီးရှို့ခဲ့ကြပြီး လက်လုပ်မီးလောင်ဗုံးများ၊ ကျောက်တုံးကျောက်ခဲများနှင့် အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းများဖြင့် နယ်ခြားတစ်ဖက်တွင် ရှိနေသည့်အစ္စရေးတပ်ဖွဲ့ဝင်များကို ပစ်ပေါက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ပြောကြားသည်။
ဂါဇာနယ်ခြားဒေသရှိ လုံခြုံရေးစည်းရိုးကို ကျော်ဖြတ် ၍ အစ္စရေးနယ်မြေအတွင်းသို့ ပါလက်စတိုင်းဆန္ဒပြသူများ ဝင်ရောက်လာခြင်း မရှိစေရန် အစ္စရေးစစ်ဘက်က ဟန့်တားခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။
အေအက်ဖ်ပီ

No comments:

Post a Comment