Saturday, March 3, 2018

ရေပူနှင့်မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ

Image may contain: car and outdoor
နေပြည်တော် မတ် ၂
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂ဝ၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် မတ် ၁ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၂၈၉ စီး၊ သွင်းကုန် အစီး ၉၂ဝ၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၂၉ စီး၊ သွင်းကုန် ၈၆ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့ သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက် ရှိရာ မတ် ၁ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှုသုံးမှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄ ဒသမ ၆၄၃ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှုနှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၈၅ သန်းခန့်) စုစုပေါင်းတားဆီးမှုငါးမှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈ ဒသမ ၄၉၃ သန်းခန့်)အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် မတ် ၁ ရက်တွင် မရမ်း ချောင်အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေး အဖွဲ့က ရှောင်ကွင်းလမ်းဖြစ်သည့် သစ်ဆိပ်ပင်ကျေးရွာသို့ ရှောင်တခင် သွားရောက်စစ်ဆေးရာ တရားဝင်စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် လိုင်စင်မဲ့TOYOTA WISHမော်တော်ယာဉ် တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃ ဒသမ ၅ သန်းခန့်အား စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment