Saturday, March 3, 2018

သစ်ခွဲသားများတင်ဆောင်လာသောယာဉ်တစ်စီး ဖမ်းဆီးရမိ

Image may contain: food
ပဲခူး မတ် ၂
ပဲခူးမြို့ မဲခုန်ကျေးရွာအုပ်စု ဆင်ဖြူကွင်းသုသာန်အနီးတွင် မတ် ၁ ရက် ည ၉ နာရီက တရားမဝင်သစ်ခွဲသားများ တင်ဆောင်ရပ်တန့်ထားသော ယာဉ် တစ်စီးကို ဖမ်းဆီးရမိခဲ့သည်။
ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ဦးမျိုးဝင်း ဦးဆောင်သော အဖွဲ့များနှင့် အမှတ်(၂)ရဲစခန်းမှ ရဲအုပ်လှမြင့် ဦးဆောင်သောအဖွဲ့တို့သည် သတင်းအရ ရပ်တန့်ထားသောယာဉ်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ လူတစ်ဦးတစ်ယောက်မျှမတွေ့ရဘဲ ခြောက်ဘီးယာဉ်နှင့် ယာဉ်ပေါ်တွင် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၄၂ ချောင်း (၄ ဒသမ ၃၇၇၄ တန်)ကို စစ်ဆေးတွေ့ ရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်ကျွန်းသစ်များ သယ်ဆောင် သူ သစ်ပိုင်ရှင်၊ ယာဉ်ပိုင်ရှင်နှင့်ဆက်စပ်တရားခံများအား စုံစမ်းဖော်ထုတ်အရေး ယူနိုင်ရန်အတွက် အမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၁၉၂/၂ဝ၁၈၊ သစ်တော ဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်လှစ်ထားပြီး အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment