Saturday, March 3, 2018

ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ပွဲစဉ်တွင်တိုက်စစ်မှူးနေမာအပြင် မက်ပီပါ လွဲချော်နိုင်ဖွယ်ရှိ

Image may contain: one or more people, people playing sports and outdoor
တိုက်စစ်မှူး နေမာမှာ ရက်သတ္တပတ် ခြောက်ပတ်မှ ရှစ်ပတ်ကြား အနားယူရန် ရှိနေကြောင်း ဖခင် စီနီယာနေမာက အတည်ပြုခဲ့ပြီး မရှေးမနှောင်းမှာပင် မာဆေးလ်နှင့် ကစားခဲ့သည့် လိဂ်ဖလားပွဲစဉ်တွင် တိုက်စစ်မှူး မက်ပီမှာလည်း ပတ်ထရောနှင့် လူစားလဲခဲ့ရပြန်ရာ ခြေထောက် ဒဏ်ရာ ရရှိခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းဖော်ပြနေကြသည်။ ပီအက်စ်ဂျီအသင်းအနေဖြင့် ရီးယဲလ်နှင့် ချန်ပီယံလိဂ် အရေးကြီး ပွဲစဉ်တွင် နေမာ၊ မက်ပီတို့လို အဓိက တိုက်စစ်မှူး နှစ်ဦးမပါဝင်ဘဲ ယှဉ်ပြိုင်ရန် အခြေအနေ ကြုံနေရပြီဖြစ်သည်။
နေမာ၏ ဖခင်က နေမာအနေဖြင့် ရက်သတ္တပတ်ခြောက်ပတ်မှ ရှစ်ပတ်ကြား အနားယူရဖွယ်ရှိကြောင်း မပြောကြားမီ နည်းပြ အမ်မရီ က ရီးယဲလ်နှင့် ပွဲစဉ်တွင် နေမာပါဝင်ရန် အခွင့်အရေး အနည်းငယ် ရှိကြောင်း ပြောကြားထားဖူးသည်။
သို့သော် နေမာမှာ အဆိုပါ ဒဏ်ရာကို ခွဲစိတ်ကုသရမည်ဖြစ်ရာ ခန့်မှန်းကာလထက် ပိုမိုကြာမြင့်နိုင်ဖွယ်ရှိသည်။ယခု ရက်သတ္တပတ်တွင် လည်း မက်ပီမှာပွဲကစားချိန်အတွင်း ရရှိခဲ့သည့် ဒဏ်ရာကြောင့် ရီးယဲလ်ကို အိမ်ကွင်းတွင် ဧည့်ခံရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် မက်ပီ၊ နေမာတို့ မပါဝင်ဘဲ ယှဉ်ပြိုင်ဖွယ်ရှိနေခြင်းဖြစ်သည်။
ပီအက်စ်ဂျီသည် ပြီးခဲ့သည့်နွေဈေးကွက်က နေမာ၊ မက်ပီတို့လို ထိပ်တန်းတိုက်စစ်မှူးနှစ်ဦးကို ခေါ်ယူခဲ့ပြီး ရှိပြီးသား တိုက်စစ်မှူး ကာဗာနီနှင့် တွဲဖက်ကာ နေမာ-ကာဗာနီ-မက်ပီ(NCM) တိုက်စစ် အင်အားဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲလို ပွဲစဉ်များမှာပင် ခြေစွာနေပြီး ဘိုင်ယန်လို အသင်းမျိုးကို နောက်ကောက်ချပြီး အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ချန်ပီယံလိဂ် ၁၆သင်းအဆင့်တွင် ရီးယဲလ်ကဲ့သို့ အသင်းကြီးနှင့် တွေ့ဆုံနေသော် လည်း ပီအက်စ်ဂျီသာ နောက်တစ်ဆင့် တက်ရောက်နိုင်မည်ဟု ရေပန်း စားခဲ့သည်။ သို့သော် တကယ်တမ်းကစားချိန်တွင် သမ္ဘာရှိ ရီးယဲလ်က ပီအက်စ်ဂျီကို သုံးဂိုး-တစ်ဂိုးဖြင့်အနိုင်ကစားနိုင်ခဲ့ရာ နေမာက ပီအက်စ်ဂျီအနေဖြင့် နောက်တစ်ဆင့်တက်ရောက်ရန် အလျှော့ပေးမည် မဟုတ်ကြောင်း ဆိုခဲ့သော်လည်း ယခုလို ဒဏ်ရာ ပြဿနာများ မထင် မှတ်ဘဲ ဆက်တိုက်ကြုံတွေ့လာရခြင်းဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment