Friday, March 30, 2018

ဂျရူးကို ဒေါသဖြစ်စေခဲ့တဲ့ ဂျာနယ်လစ်

Image may contain: 1 person
ရုရှားနဲ့ ပြင်သစ်တို့ကစားခဲ့တဲ့ နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲအပြီးမှာ ဂျာနယ်လစ် တစ်ဦးကြောင့် ပြင်သစ်တိုက်စစ်မှူး ဂျရူးရဲ့ အေးစက်မှုဟာ ပေါက်ထွက်လာခဲ့ကြောင်း The Sun သတင်းဌာနက ဖော်ပြပါတယ်။

ပြင်သစ်အသင်းက ကိုလံဘီယာအသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ကမ္ဘာ့ဖလား အိမ်ရှင် ရုရှားအသင်းကိုတော့ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ကွင်းလယ်လူ ပေါ့ဘာက အလွတ်တည်ကန်ဘောကနေတစ်ဆင့် လှလှပပသွင်းယူခဲ့သလို တိုက်စစ်မှူး မက်ပီက နှစ်ဂိုးဆက်တိုက် သွင်းယူပြီး ပြင်သစ်ကို ပြန်လည်နိုင်ပွဲတွေ့စေခဲ့ပါ တယ်။

ဒါကြောင့် ဂျာနယ်လစ်တွေ အားလုံးရဲ့ အာရုံဟာ ဒီပွဲမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ မက်ပီရဲ့ ပွဲပြီး မှတ်ချက်စကားရဖို့သာ အဓိကဖြစ်နေပြီး ဂျရူးကို မေးမြန်းနေတဲ့ ဂျာနယ်လစ်က မက်ပီ ဖြတ်သွားချိန်မှာ ရုတ်တရက် ရပ်တန့်သွားတာကြောင့် ဂျရူးရဲ့ သည်းခံနိုင်စွမ်း ကျော်လွန်သွား ခဲ့ပုံပေါ်ပါတယ်။ ဂျရူးက ''ခင်ဗျား သူ့ကို တွေ့ချင်နေတာလား၊ သွားလိုက်လေဗျာ''လို့ တုံ့ပြန်လိုက်တာပါ။ အဲဒီနောက် ဂျာနယ်လစ်ကလည်း စိတ်ပြောင်းသွားပြီး မက်ပီကို အင်တာဗျူး ဖို့ မကြိုးစားတော့ဘဲ သူ့ရဲ့ လုပ်ရပ်အတွက် ဂျရူးကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။

မေလဲ့သင်း

No comments:

Post a Comment