Friday, March 30, 2018

ဆော်ဒီအာရေးဗီးယားတိုက်စစ်မှူး မန်ယူနှင့်အတူ သီတင်းသုံးပတ်ကြာ လေ့ကျင့်ကစားမည်

Image may contain: 1 person, playing a sport
ဆော်ဒီအာရေးဗီးယားတိုက်စစ်မှူး မိုဟာမက်အယ်လ်ဆာလာဝီသည် မန်ယူအသင်းနှင့်အတူ သီတင်းပတ်သုံးပတ် ကြာလေ့ကျင့်ကစားမည်ဖြစ်ကြောင်း သိရသည်။ အသက် ၃၁ နှစ်အရွယ်ရှိ တိုက်စစ်မှူး အယ်လ်ဆာလာဝီသည် နိုင်ငံ အသင်းအတွက် ပွဲပေါင်း ၃၃ ပွဲတွင် သွင်းဂိုး ၂၆ ဂိုးသွင်းယူပေးထားပြီး နည်းပြမော်ရင်ဟိုကိုင်တွယ်လျက်ရှိသည့် မန်ယူအသင်း၏ eliteကုမ္ပဏီတွင်လည်း ၎င်း၏ ဘောလုံးခြေစွမ်းကို ပြသထားနိုင်ခဲ့သူဖြစ်သည်။
အယ်လ်ဆာလာဝီသည် ဆော်ဒီအာရေးဗီးယားအသင်းအတွက် အဓိကအားထားရသည့် ကစားသမားတစ်ဦးဖြစ်ပြီး ယခုနှစ်နွေရာသီတွင် ရုရှားနိုင်ငံ၌ ကျင်းပမည့် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ နိုင်ငံအသင်းအတွက် အကောင်းဆုံး ခြေစွမ်းရရှိရန် မျှော်လင့်ထားကြောင်းလည်းသိရသည်။
မန်ယူအသင်းနှင့်အတူ သီတင်းပတ်သုံးပတ်ကြာလေ့ကျင့်ကစားမည်ဆိုသည့်သတင်းကိုလည်း ဆော်ဒီအာရေးဗီးယား အသင်းဥက္ကဋ္ဌ တာကီအယ်လ်ရှိတ်ခ်က ၎င်း၏တွစ်တာစာမျက်နှာတွင် အတိအလင်းကြေညာထားကြောင်းလည်း သိရ သည်။
မေလဲ့သင်း

No comments:

Post a Comment