Saturday, March 3, 2018

ဆိုင်ကယ်ခိုးယူထွက်ပြေးသူအား ၄၅ မိနစ်အတွင်း ဖမ်းဆီးရမိ

Image may contain: one or more people, people sitting, motorcycle and outdoor
မိုးကောင်း မတ် ၂
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် မတ် ၂ ရက် နံနက် ၁၁ နာရီခန့်က မြို့နယ်ပြည်သူ့ဆေးရုံသို့ လူနာလာရောက် မေးမြန်းသူ၏ မော်တော်ဆိုင်ကယ်ကို ခိုးယူထွက်ပြေးသွား သူအား နယ်ထိန်းတပ်ဖွဲ့ဝင်များက ၄၅ မိနစ်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် အလယ်ရေရှင်ကျေးရွာ နေ မသိန်းမေ(၂၇)သည် မိုးကောင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ လူနာမေးမြန်းရန်လာရောက်စဉ် စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ဆေးရုံရှေ့ ဆင်ဝင်အောက်တွင် ရပ်နားထားခဲ့ရာမှ ပျောက်ဆုံးသွားခြင်းဖြစ်သည်။ မြို့မ ရဲစခန်းသို့ အကြောင်းကြားပြီးနောက် နယ်ထိန်းတပ်ဖွဲ့ဝင် များက လိုက်လံရှာဖွေရာ ဆိုင်ကယ်ခိုးယူသူ မိုးကောင်း မြို့နယ် နမ္မတီးမြို့ ကံလှရပ်ကွက်နေ ရွှင်လတ်ဦး(၂၈)နှစ် ထံမှ သိမ်းဆည်းရမိကာ ပိုင်ရှင်ထံသို့ ပြန်လည်အပ်နှံပေးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှင်လတ်ဦးအား မိုးကောင်း မြို့မရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment