Saturday, March 3, 2018

ပဲခူးတိုင်းဒေသကြီးတွင် တိုင်းရင်းဆေးသမားတော်များနေ့ ကျင်းပ

Image may contain: 1 person, sitting
ပဲခူး မတ် ၂
ပဲခူးတိုင်းဒေသကြီးတွင် တိုင်းရင်းဆေးသမားတော်များနေ့ တပေါင်းလပြည့် အခမ်းအနားကို မတ် ၁ ရက် နံနက် ပိုင်းက ပဲခူးမြို့ ခုတင်(၅ဝ)ဆံ့ တိုင်းရင်းဆေးရုံ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို နဝရတ်ကတိသစ္စာရွတ်ဆို၍ ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာ အသင်းဥက္ကဋ္ဌ ဦးအေးရွှေက အဖွင့်အမှာစကား ပြောကြား ၍ ရှေးဆရာကြီးများ၏ ပညာရှင်ရှေးသမား ကျေးဇူး တရားမမေ့ငြား ဂုဏ်ကျေးဇူးများအကြောင်း ဟောပြော သည်။
မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း ဥက္ကဋ္ဌ ဦးသန်းညွန့် ပေးပို့သော တိုင်းရင်းသမားတော်များနေ့ သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီး ဌာန ဦးစီးမှူး ဦးစိုးမိုးက ဖတ်ကြားပြီး ရှေးသမားတော်ကြီး အား ရည်စူး၍ ဆွမ်း၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
နောင်ထွန်း

No comments:

Post a Comment