Thursday, March 29, 2018

ရှင်ပြုအလှူတော်မင်္ဂလာကို ဆင်စီးပြီးမြင်းရံ၍ ရှေးမူရှေးဟန်မပျက် လှည့်လည်

Image may contain: one or more people, people on stage, crowd, sky, tree and outdoor
တပ်ကုန်း မတ် ၂၈
နေပြည်တော် တပ်ကုန်းမြို့တွင် ဗုဒ္ဓနွယ်ဝင်အလှူရှင်များသည် မိမိတို့၏ရင်နှစ်သည်းချာ သား သမီးများနှင့် တူသားများ အား မြတ်ဗုဒ္ဓ၏ အဆုံးအမများဖြင့် ဘဝတစ်သက်တာအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရေး ရည်မှန်းလှူဒါန်းသည့် ဓလေ့ရှိသည်နှင့်အညီ ဆရာစံရပ်ကွက်အတွင်းရှိ အလှူတော်မင်္ဂလာပွဲသည် မတ် ၂၇ ရက် ညနေပိုင်းက အလှူတော် မင်္ဂလာမဏ္ဍပ်မှ မဟာဇနက္ကဘုန်းတော်ကြီးကျောင်း မြို့တွင်း ရန်ကုန်-မန္တလေးကားလမ်းတစ်လျှောက်၌ ဝေဿန္တရာဝင်း၊ ပုဂံဝင်း၊ ရာဇာဝင်းခင်းခြင်း၊ ရတနာဆင်တော်နှင့် ရတနာမြင်းများခြံရံကာ ရှင်လောင်း(ခေါ်)သာမဏေလောင်းများ တင်ဆောင်ခြင်းနှင့်အတူ နိုင်ငံကျော် အဆိုတော် မနောအဖွဲ့များဖြင့် အလှူဝတ်ဆံလှည့်လည်၍ ခြိမ့်ခြိမ့်သဲကျင်းပသည်။
အလှူပွဲများတွင် အလှူရှင်များအနေဖြင့် သာသနာ့ဘောင်သို့မဝင်မီ မြို့အနှံ့ရှင်လောင်းလှည့်ကာ နတ်နန်းသို့ ဆက်လက်သွားရောက်၍ အန္တရာယ်ကင်းစေကြောင်း အပ်နှံကြပြီး အလှူပွဲအကြိုရက်များနှင့် အလှူပွဲကြီးရက်အထိ ကျွေးမွေးဧည့်ခံကြသည်။ ထိုသို့ ရှေးမူမပျက် ရှင်လောင်းလှည့်လည်ခြင်း၊ နားသခြင်းသည် ရှေးဟောင်းအမွေအနှစ်တစ်ခုကို ယနေ့လူငယ်လူရွယ်များ ဆက်လက်သယ်ဆောင်သွားရန် ရည်ရွယ်ဆောင်ရွက်ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment